နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များမှာကြား၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ – ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်း တပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ၍ မမျှော်မှန်းနိုင်သော ရုတ်တရက်ဖြစ်ပေါ်လာသည့် သဘာဝဘေးဒဏ်ကိုကြုံ တွေ့ခဲ့ရသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ အခက်အခဲများအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများဖြစ်ပေါ်မည်ဟု ကြိုတင် သတိပေးချက်များရှိခဲ့သော်လည်း ယခုအတိုင်းအတာအထိ မိုးသည်းထန်စွာ ရွာသွန်း မည်ဟု မှန်းဆမှုမရှိခဲ့ကြကြောင်း၊ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်း ခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများ တစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရကြောင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် တောင်ပြို၊ မြေပြို မှုများဖြစ်ပေါ်ခဲ့သကဲ့သို့ တရားဝင်ခွင့်ပြုပေးထားသည့် သစ်ကွင်းများမှ သယ်ယူနိုင် ခြင်းမရှိသေးသည့် သစ်လုံးကြီးများ၊ သစ်လုံးကြီးများထုတ်ယူရာတွင် ဖြတ်တောက် ထားသည့် ဖြတ်စများသည်လည်း တောင်ကျရေစီးကြောင်းများနှင့်အတူ  မျောပါ တိုက်စားခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားခဲ့ရခြင်းဖြစ်ကြောင်း၊ ထိခိုက် ပျက်စီးဆုံးရှုံးမှုများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း။

တာဝန်ရှိသူများအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ရာတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများနှင့် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် လမ်း ကြောင်းများ ရှင်းလင်းခြင်းကို ဦးစွာ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သွားလာရေး ကိစ္စပြီးပါက ဒုတိယဦးစားပေးအနေဖြင့် ရေ၊ မီး များ ရရှိရေးကို ဆောင်ရွက်ပေး သွားရန်လိုပြီး ထိုမှတဆင့် အခြားပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မိသားစုဝင်များ၏ နေရေး၊ စားရေး အဆင်ပြေ စေရေးအတွက်လည်း စီမံပေးရမည်ဖြစ်ပြီး အခြေခံစားကုန်များကို ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာချိန်တွင် ရေလမ်းကြောင်း နှင့် မလွတ်ကင်းနိုင်သည့် အဆောက်အဦများကို စနစ်တကျ သုတေသနပြုလုပ်၍ ရွှေ့ပြောင်းဆောက်လုပ်ခြင်းများဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် တက်ရောက်လာကြသည့် စစ်သည်၊မိသားစုများ၏ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရမှုများ၊ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်း များနှင့် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ရာ စစ်သည်၊ မိသားစု များက လက်ခံ ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုဖြစ် ပေါ်ခဲ့စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နယ်မြေခံတပ်ဌာနချုပ်ဆေးခန်း၌ ဆေးကုသမှုခံယူ လျက်ရှိသည့် စစ်သည်များအား သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

ထို့နောက် တောင်ကျချောင်းရေများ အလုံးအရင်းဖြင့် စီးဆင်းခဲ့မှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် မုန်ချောင်းကူးကွန်ကရစ်တံတားပျက်စီးမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေစီးကြောင်းနှင့်အတူ သစ်ပင်သစ်လုံးကြီးများ၊ ကျောက်တုံးများ မျောပါခဲ့ပြီး အရှိန်အဟုန်ဖြင့် ရိုက်ခတ်ခဲ့မှုကြောင့် တံတားပျက်စီးခဲ့မှု များကို တင်ပြကြသည်။ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လိုအပ်သည်များ မှာကြားကာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်း များအတွင်း တောင်ကျချောင်းရေဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ရေ များ ပြန်လည်ကျဆင်းသွားသည့်အချိန်တွင် နုန်းတင်ကျန်ခဲ့သည့် အထက်တန်း ကျောင်း၌ နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များက ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့အခြေအနေများနှင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြား ပေးနိုင်ရေးအတွက် လိုအပ်သည်များကို အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူ များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လမ်း၊ တံတားနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။