နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့မှ လာရောက်တွေ့ဆုံနှုတ်ဆက်

ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်

နေပြည်တော်၊ စက်တင်ဘာ – ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့  တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး နှင့်အတူ ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်း ရေးအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှု အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NCA သဘောတူညီချက်များကို ချိုးဖောက်ခဲ့သဖြင့် NCA စာချုပ်ပျက်ပြယ်ပြီဟု  အခြေအမြစ်မရှိ ပြောကြားမှုများ ပြုလုပ်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့်သာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်ခဲ့ရခြင်းပင်ဖြစ် ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်၍ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေး တပ်မတော်အနေဖြင့်အမြဲ ဖိတ်ခေါ်လမ်းဖွင့်ထားပြီးဖြစ်ပါ ကြောင်း၊ ကရင်ပြည်နယ်ရှိ ဒေသခံပြည်သူများအနေ ဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်လိုသည်ဟု သိရှိရပါ ကြောင်း၊ ဒေသတွင်းတည်ငြိမ် အေးချမ်းမှုရှိပါက ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင် မည် ဖြစ်ပြီး ဒေသတစ်ခုချင်းအလိုက် တည်ငြိမ်အေးချမ်းမှုရှိချင်းမှသည် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ ကြောင်း၊ စောမူတူးစေးဖိုးအနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင် တိုင်းရင်း သား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ရှိ ပြည်သူ၊ ပြည်သားများ၏ ငြိမ်းချမ်း ရေးအတွက် တာဝန်ရှိနေဆဲပင်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းရေး၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ၊ ဖြစ်သင့်ဖြစ် ထိုက်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားပေးပါရန် ဖိတ်ခေါ်ပါကြောင်း ဖြင့် ဦးစွာပြောကြားသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များက အမှန်တကယ် ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကို အခြေခံ၍ ဆောင်ရွက်၍ရမည်မဟုတ် ကြောင်း၊ မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန်အထိ ငြိမ်းချမ်းရေးရရှိရေး ကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး(KNU)ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူး တင်ရှိပါကြောင်း၊ NCA စာချုပ် ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ သံတမန် များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားရမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်း၊ NCA နှင့်ပတ် သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံ၍ရနိုင်မည် မဟုတ်ပါကြောင်း၊ မိမိအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားပါကြောင်း၊ ပြည်တွင်းတည်ငြိမ် အေးချမ်း ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကို သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ အပြောအဆို၊ အလုပ်အကိုင်များကို လုံးဝ လက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုတွေ့ဆုံမှုသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ NCA စာချုပ်သည်နိုင်ငံတော်အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ချုပ်ဆိုသည့် အမြင့်ဆုံးစာချုပ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတော်တို့ ချုပ်ဆိုထားသည့် ကတိကဝတ်ပင် ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အကြား အာမခံချက်ပေးထားသည့် ကတိကဝတ်နှင့်သဘောတူညီချက် တစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူလူထု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သော NCA  စာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင် မာမာရပ်တည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း  (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ကြိုဆို လျက်ရှိပါကြောင်း၊ မိမိတို့ထံသို့လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်သကဲ့သို့  တပ်မတော်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့များကို စေလွှတ်ဆွေးနွေးပေးစေလိုပါက လည်း တိုင်းစစ်ဌာနချုပ်များတွင် ဆွေးနွေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU)သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း(EAO) ဖြစ်ပြီး PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေရန်နှင့်  နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များဖြစ်ကြောင်း၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေး လုပ်ငန်း စဉ် ၂ ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ လူထု၏ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကို ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းရာတွင် တိုင်းရင်းသားများနှင့် ဒေသကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ အများအပြား ရွေးကောက်ခံစင်မြင့်သို့ ရောက်ရှိလာရန် လိုအပ် မည်ဖြစ်ကြောင်း၊ ကရင် တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် NCA စာချုပ်ကို ကိုယ်တိုင် လက်မှတ်ရေးထိုးပါဝင်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တစ် ဦးဖြစ်ပြီး မကြာမီ ကျရောက်တော့မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုမှု ၈ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်နိုင်ရန် ဖိတ်ကြားပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကရင်တိုင်းရင်းသားခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် ရရှိပြီးသည့် ငြိမ်းချမ်း ရေးပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ ပိုမိုခိုင်မာသည့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ် တွင် ဆက်လက်လျှောက်လှမ်းနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကရင်တိုင်းရင်းသား ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား  အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဒေသထွက်လက်ဆောင်များ ဂါရဝပြု ပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့်  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။