ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ – ၂၁

မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေး အပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန် ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့မှုအခြေအနေများ၊ ရှာဖွေကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းတင်ထားသည့် “သဘာဝဘေးအန္တရာယ် ကို ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှားကြမည်” Video Clip ကိုဖွင့်လှစ်ပြသသည်။

အလှူငွေများအသီးသီး ပေးအပ်လှူဒါန်း

ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်  ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။

ဆက်လက်ပြီး စေတနာရှင်၊ အလှူရှင်များက အလှူငွေများဆက်လက် ပေးအပ် လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က အသီးသီး လက်ခံရယူ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် စိတ်စေတနာ သဒ္ဓါ တရားထက်သန်စွာဖြင့် လှူဒါန်းကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအပေါင်းကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ယခုဖြစ်ပေါ်ခဲ့ သည့်မုန်တိုင်းသည် အလွန်အင်အားပြင်းထန်သည့်မုန်တိုင်းတစ်ခုဖြစ်ပြီး ထိခိုက်ပျက် စီးမှုများသည်လည်းအလွန်များပြားခဲ့ကြောင်း၊ မုန်တိုင်း ဟိုင်နန်ကျွန်းသို့ဖြတ်ကျော် ချိန်တွင် ပြင်းထန်မှုရှိသည်ကို နိုင်ငံတကာမှထုတ်ပြန်သည့်သတင်းများအရသိရှိခဲ့ ကြောင်း၊ အတွေ့အကြုံများအရ ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်းဝင်ပြီး  ၂ ရက်ခန့်အကြာ တွင် မိမိတို့နိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း၌ ပုံမှန်မိုးရွာသွန်းမှုများ ဖြစ်ပေါ်လေ့ရှိသော် လည်း ယခုအတိုင်းအတာအထိ ဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြကြောင်း၊ တစ်ချိန်တည်း တွင် ဘင်္ဂလားပင်လယ်အော်၌လည်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေခဲ့ ကြောင်း၊ ယင်းတို့၏အရှိန်များကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ မြို့နယ်အချို့တို့၌ မိုး သည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကဲ့သို့ မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့မှုများကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျ ချောင်း ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများ တစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုကြုံတွေ့ခဲ့ရသည့် ရေ ဘေးကြုံတွေ့ခဲ့ရသည့်ဒေသများတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေ မကြုံတွေ့ခဲ့ဖူးကြောင်းကို သိရှိရကြောင်း၊ ညအချိန်မိုးရွာ သွန်းမှု များပြားပြီး ရုတ်တရက်တောင်ကျရေများ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့သဖြင့် ထိခိုက်မှုများပြားခဲ့ရခြင်း ဖြစ်ကြောင်း။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက်ကြောင့် ၆ ပုံ ၁ ပုံ (၁၆ ရာခိုင်နှုန်း)ခန့်ရေကြီးခဲ့ကြောင်း၊ ယနေ့နံနက်ရရှိသည့် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြှုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေး ဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကြောင်း၊ နေပြည်တော်မှ ၁၆၄ ဦး၊ ကရင်ပြည်နယ်မှ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှ ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ၄၃၅ ကျောင်း ပျက်စီးခဲ့ကြောင်း၊ လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ကြောင်း၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန် သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း။

ယခုအချိန်သည် အားလုံးအတွက် အခက်အခဲများကိုယ်စီဖြစ်ပေါ်လျက်ရှိသည့် အချိန်ဖြစ်သော်လည်း အလှူငွေများ များစွာ ထည့်ဝင်ခဲ့ကြသည်ကို တွေ့ရှိရသည့် အတွက် များစွာဝမ်းမြောက်ရပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အလားတူ ရေဘေးသင့် ပြည်သူများကိုလည်း အားလုံးမှ ဝိုင်းဝန်း၍လှူဒါန်းခြင်း၊ ကူညီကယ်ဆယ်ခြင်းများ ကိုလည်း အဆက်မပြတ် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ မြန်မာလူမျိုးများ၏ လှူချင်၊ တန်းချင်သည့်စိတ်များကြောင့် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်း ကြခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် ရေရုတ်တရက်စီးဆင်းလာချိန် တွင် ရရာ ပစ္စည်းများကိုသာယူဆောင် လာရသဖြင့် အခက်အခဲများစွာရှိကြကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သဘာဝဘေးဒဏ်ဆိုသည်မှာ ဖြစ်ပွားပြီးပါက အမြန်ဆုံးပြန်လည် ထူထောင် မှုပြုရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအပါအဝင် နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများ အနေဖြင့် သဘာဝဘေးဒဏ်များဖြစ်ပေါ်ခဲ့သည့်နေရာများသို့သွားရောက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှုများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။

ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် မိမိအနေဖြင့် ရခိုင်ပြည်နယ်နှင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေတို့သို့ သွားရောက်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် ရန် လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေရှိ ဘုရား၊ စေတီပုထိုးများသည် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သဖြင့် စနစ်တကျဖြင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေဝင်ရေထွက် ကောင်းမွန် စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေးတို့အတွက် ရှေးဟောင်း ရေကန်များပြန်လည်တူးဖော်ခြင်း၊ ရေထုတ်စနစ်များဖော်ဆောင်ပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်စေခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့သဖြင့် ယခုမိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းခဲ့ရခြင်း ဖြစ်ကြောင်း။

ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရှိ မြစ်ချောင်းများတွင် ကြမ်းခင်း (Bed Level)များမှာမြင့်တက်လျက်ရှိသည်ကိုတွေ့ရှိရပြီး သဲနုန်းများ အနည်ချမှု များ ပြားလာခြင်းကြောင့်ဖြစ်ကြောင်း၊ အချို့နေရာများတွင် တရားမဝင်သစ်ထုတ်လုပ်မှုများ ရှိခြင်းနှင့် သစ်လုပ်ငန်းများမှထုတ်လုပ်သည့် သစ်များကို အချိန်မီသယ်ယူနိုင်ခြင်းမရှိ ခြင်းတို့ကြောင့် ရုတ်တရတ်မိုးအဆက်မပြတ်ရွာသွန်းပြီး ရေများကျဆင်းလာချိန်၌ ပျက်စီးမှုများကို ပိုမိုများပြားစေခဲ့ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးဧက ၇ သိန်းခန့်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အချို့လယ်ယာများမှာ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပြုပြင်မှုများ များစွာဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရန် အဆင်မပြေတော့သည့် စိုက်ဧကများ၌ နွေသီးနှံများကိုစိုက်ပျိုးသွားရမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍လည်း ရေဘေးသင့်ဒေသများရှိ ပိတ်ထားရသည့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျောင်းသားများအားလုံးအတန်းနှင့် လျော်ညီသည့် စာတတ် မြောက်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းများနှင့် ပတ်သက်၍လည်း ကူညီ ဆောင်ရွက်လိုပါက ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံးပြင်ဆင်တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာအုပ်များနှင့် စာရေးကိရိယာများကိုလည်း အလှူရှင်များအနေဖြင့် လှူဒါန်းနိုင်ကြောင်း။

ယခုဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှုမရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေး အန္တရာယ်ကိုရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ နေထိုင်မှုများ စည်းကမ်းတကျရှိပါက ထိခိုက်ပျက်စီးမှုများနည်းနိုင်မည်ဖြစ်ပြီး အမှိုက် များကိုစည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကြောင့် ရေစီးရေလာများကို ထိခိုက်စေနိုင်ကြောင်း၊ ထိုမှတဆင့် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် နေထိုင်မှုများစည်းကမ်းတကျ ရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများလှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားရာတွင် “စုပေါင်း အားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်၊ ဒီနေ့ ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက ၃၁ ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့လဲ ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင်၊ အရမ်းသုံးလို့ လည်းမရပါဘူး၊ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီး စကားပြောပါတယ်၊ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ် တစ်ပိုင်း တာဝန်ယူပေးလိုက်တာလည်း ဖြစ်ပါတယ်၊ ကျွန်တော်မှတ်ထားပါမယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့၊ မှတ်ထားပါမယ်၊ ကျွန်တော် တစ်ကယ်မျှော်လင့်တုန်းက သုံးလေးဘီလီယံလောက်ပဲမျှော်လင့်ပါတယ်၊ ထပ်လောင်းပြောရလို့ရှိရင်၊ သဒ္ဒါတရား ထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြီး ပြောပါရစေ၊ နောင်မှာလည်းတိုင်းပြည်ရဲ့ လိုအပ်ချက်တွေရှိလာတဲ့အခါမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့အတွက်လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလို ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်းပဲ ဖြစ်အောင်သွားပါမယ်၊ ကျွန်တော်တို့ တကယ်တန်းပြောရလို့ရှိရင်တော့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်က ပြီးခဲ့တဲ့ ဟို ၂ နှစ်ကတည်းက ပြီးရမှာပါ၊ အကြောင်းအမျိုးမျိုးကြောင့် မပြီးဘူးဖြစ်သွားပြီးတော့ ဒီဖက်အထိရှည် လာတယ်၊ အဲ့ဒီတော့ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှေ့လုပ်ငန်းစဉ်(၅) ရပ်ပြီးအောင် အကောင်အထည်ဖော်ချင်ပါတယ်၊ ဒီအတွက်လည်း ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း ပြောလိုပါတယ်၊ လာမယ့် အောက်တိုဘာလတစ်ရက်နေ့မှာ ပြည်လုံး ကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအစီအစဉ် ရှိပါတယ်၊ ဒီမှာလည်း အောင်မြင်အောင်လည်း ဝိုင်းကူညီပေးကြဖို့နဲ့ အဲ့ဒီက နောက်ဆက်တွဲက ကျွန်တော်တို့က ဒီအပေါ်မှာအခြေခံပြီးတော့ မဲစာရင်းတွေပြုစု၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲတွေ ကျွန်တော်တို့လုပ်ပြီးတော့ နိုင်ငံတော်ကို ပြည်သူ ရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း သွားကြဖို့ပဲဖြစ်ပါတယ်၊ ဒီမှာလဲဝိုင်းဝန်းပါဝင် ပေးကြဖို့လည်း တိုက်တွန်းပြောကြားရင်းနဲ့နိဂုံးချုပ်ပါတယ်။” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ပြောကြားမှု Video File အား ပြသသွား မည်ဖြစ်ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့ နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်း ပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ)ကျော်ကို လက်ခံရရှိခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။