နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေး       

နေပြည်တော်၊ စက်တင်ဘာ – ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၂၃ ရက်နှင့် ယနေ့တို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စစ်တက္ကသိုလ်၊ နဝဒေးခန်းမ၌ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့် ပြင်ဦးလွင်တပ်နယ်မှူးတို့က ပြင်ဦးလွင်တပ်နယ်အတွင်း လုံခြုံရေးနှင့် နယ်မြေတည် ငြိမ်အေးချမ်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုံခြုံရေး  လုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို  စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်နယ် အတွင်း နယ်မြေစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်း များဆောင်ရွက် ရာတွင်လည်း မိမိတို့ တာဝန်ထမ်းဆောင်ရသည့်နယ်မြေအလိုက် ဒေသ၏ နယ်မြေ ဒေသအခြေအနေများ၊ ဒေသဆိုင်ရာအချက်အလက်များကို ခြေခြေမြစ်မြစ် သိရှိထားရ မည်ဖြစ်ကြောင်း၊ နယ်မြေခံတပ်များနှင့် ဒေသခံများ တစ်သားတည်းဖြစ်နေ ရမည် ဖြစ်ပြီး အပြန်အလှန်ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေ လုံခြုံရေး၊ ဒေသခံများ၏ လုံခြုံရေးကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ ရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးပတ်လမ်းနှင့် ယာဉ်ရပ်နားရန်နေရာများ၊ ဓာတ်လှေကားများ၊ ရိုးရိုး လှေကားများ၊  ထည့်သွင်းဆောင်ရွက်ထားမှု၊ အများပြည်သူသုံး အဆောက်အဦ ဖြစ်သဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိမှု၊ အထပ်အလိုက် ဆိုင်ခန်းများဖွင့်လှစ်နိုင် ရေးလျာထားဆောင်ရွက်လျက်ရှိမှု၊ ကလေးကစားကွင်းနေရာများ၊ ရုပ်ရှင်ရုံများ ထည့် သွင်း တည်ဆောက်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိမှုနှင့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆိုလာပြားများတပ်ဆင်သွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့်ရေဝင်ရေထွက် ကောင်းမွန်စေ ရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ စားသောက်ဆိုင်ခန်းများ ထားရှိမည့်အထပ်တွင် သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဓာတ်လှေကားစနစ်တွင် လျှပ်စစ်ဓာတ်မပြတ်တောက်စေရေးသည် အရေးကြီးသဖြင့် ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေး ဆိုလာစနစ်ဖြင့် ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ ယခုအဆင့်မြင့်ဈေးသစ် တည်ဆောက်စေခြင်းသည် ပြင်ဦးလွင် မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့်ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း၊ စံပြဈေးဖြစ်ရမည်ဖြစ်ကြောင်း၊ ဒေသထွက်အသားများ၊ ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံများကိုလည်း စနစ်တကျထုပ်ပိုး၍ ထည့်သွင်းရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပွဲတော်ရာသီများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်ချိန်၌ ယာဉ်များ စနစ်တကျရပ်နားနိုင်ရေး၊ စားသောက်ဆိုင်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေး၊ ဆိုင်ခန်းများ စနစ်တကျရှိစေရေး ကြိုတင်တွက်ချက်ဆောင်ရွက်ထား ရန် လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည် ဆောက်ရေးစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော် ကြီးသို့သွားရောက် ဖူးမြော်ကြည်ညိုသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။

ယင်းနောက် စေတီတော်မြတ်ကြီးအားလက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို ၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်း မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်မှာကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။