နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအားတွေ့ဆုံ၍  ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

မိတ္ထီလာဒေသ၏ အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချ၍ ဖွံ့ဖြိုးတိုးတက် သည့်စံပြဒေသတစ်ခုဖြစ်စေရေး အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်

နေပြည်တော်၊ စက်တင်ဘာ – ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များအား ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ရှိကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုးနှင့် ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ် ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ

ဦးစွာ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိတ္ထီလာခရိုင်အတွင်းသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်စေ ရေးဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊ ဝါစိုက်ပျိုးမှုနှင့်ထုတ်လုပ်မှု တိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်းရှိ လမ်းမကြီးများ၊ မြို့၊ ရွာချင်းဆက်လမ်းများ ဝဲ၊ ယာ၌ အရိပ်ရပင်များ စိုက်ပျိုး ထားရှိမှုနှင့် ရှင်သန်ဖြစ်ထွန်းမှု၊ ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသ၏အခြေခံကောင်းများကို အကျိုးရှိစွာ အသုံး ချနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်း လင်း တင်ပြသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မိတ္ထီလာခရိုင် ဆိုင်ရာအချက်အလက်များနှင့် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြား

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားရာတွင် မိတ္ထီလာခရိုင်အတွင်း ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး၊ မြေအသုံးချမှုများနှင့် ပတ် သက်၍ ချမှတ်ထားသည့် စည်းမျဉ်းဥပဒေအတိုင်းသာဖြစ်စေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိမှု၊ ခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ဧကများ၌ အကျိုးရှိပြီး ဈေးကွက်ရနိုင်မည့်သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးတောင်သူများလုပ်ငန်းအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်၊ တမံများ၊ ရေထုတ် မြောင်းများကို စနစ်တကျပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုနှင့် ဆည်ရေသောက် ဧရိယာများအတွက် ရေရှိရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ မြစိမ်းရောင်စီမံကိန်းများ ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ဆောင်းသီး နှံများစိုက်ပျိုးရာတွင် ဆီထွက်သီးနှံများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်း အားစုများရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ မိတ္ထီလာခရိုင်အတွင်း ပညာရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို အသီးသီးဆွေးနွေးပြောကြားကြသည်။

မိတ္ထီလာခရိုင်သည် ဗဟိုအချက်အချာကျပြီး အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသတစ်ခုဖြစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိတ္ထီလာဒေသနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အရှေ့ အနောက်တောင်မြောက်ဆုံသည့် နေရာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်း ရောင်းဝယ်ရေးနှင့်ပတ်သက်၍ အချက်အခြာကျသည့်လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာဒေသ၏အကျယ်အဝန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၏ အကျယ်အဝန်း မှာကွာဟမှု အနည်းငယ်သာရှိသကဲ့သို့ လူဦးရေအနေဖြင့်လည်း မိတ္ထီလာတွင် ၉ သိန်းကျော်ခန့်ရှိပြီး နေပြည်တော်တွင် ၁ သန်းကျော်ခန့်ရှိကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကို လည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တည်နေရာအနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့်အပြင် ကုန်သွယ်မှုတွင် ဗဟို ကျပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သကဲ့သို့ ပညာရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံစွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှု နှင့်ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေအထားကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်ကြောင်း။

ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ပေးနိုင်ရမည်

ပညာရေးနှင့်ပတ်သက်၍လည်း အခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ် သည့်ဒေသတစ်ခုဖြစ်ရှိသဖြင့် ပညာရေးအားပေးမြှင့်တင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရည်မြှင့်တင်ရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် KG + 12 အထိ တက်ရောက် နိုင်သည့် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သာ ပညာသင်ကြားနေကြကြောင်း၊ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ကျောင်းတက်ရောက်မှုများ လျော့နည်းလာခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းများကြောင့်လည်း စာသင်ကျောင်းများကို ပိတ်ထားခဲ့ရကြောင်း၊ အနာဂတ်တွင်ခေတ်မီနိုင်ငံတော်ကို တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ် ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန် လို ကြောင်း၊ ထို့ပြင် စည်းကမ်းစနစ်ကျနသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုလည်း ပုံဖော်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း အနာဂတ်၏ ကလေးငယ်များသည် ပညာသင်ကြားချိန်တွင် ဆရာ၊ဆရာမများ၏ သွန်သင်ဆုံးမမှုများကို ခံယူခဲ့ကြရမည်ဖြစ်ကြောင်း၊ ကျောင်းလုံးဝမနေခဲ့ရသူများထက် ကျောင်းတက်ရောက်ခဲ့သည့် ကလေးငယ်များသည် စည်းကမ်းပိုမိုကောင်းမွန်သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး တက်ရောက်ခဲ့ရသည့် အတန်းအလိုက် စိတ်ဓာတ်နှင့် စည်း ကမ်းများ လိုက်နာမှု ကွာဟသွားမည်ဖြစ်ကြောင်း၊ အနည်းဆုံးအဆင့် KG + 12 အထိ သင်ကြားနိုင်မည်ဆိုပါက စည်းကမ်းများကောင်းမွန်လာမည်ဖြစ်ကြောင်း။

ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျသင်ကြားပေးမည်ဆိုပါက စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် အဖိုးတန်မျိုးဆက်သစ်လူငယ်များကို မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများရှိကြောင်း၊ နိုင်ငံတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် ခေတ်မီ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်   စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ခရိုင်များအားလုံး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းလမ်းများအတိုင်း ဆောင်ရွက်ခြင်းထက် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးနည်းပညာများကိုအသုံးချနိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျင် အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်း များကို မဖြစ်မနေဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ဆောင်ရွက် နိုင်မည်ဖြစ်ပြီး လူမှုဘဝများတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အားပေး ဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍မိရိုးဖလာစိုက်ပျိုးခြင်းများကို ဆောင် ရွက်လျက်ရှိပြီး မိတ္ထီလာခရိုင်အတွင်း ဆန်ဖူလုံမှုအနေဖြင့် နည်းပါးနေသေးသည်ကို တွေ့ရှိရကြောင်း၊ တစ်ဧကချင်းအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအတွင်း စိုက်ပျိုးသမျှအကျိုးကို ခံစားနိုင်ရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးမှုများ တစ်ဧကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက ဆန်ဖူလုံမှုများတိုးတက်လာပြီး ဒေသဝင်ငွေကိုပိုမိုရရှိစေမည်ဖြစ် ကြောင်း၊ ဒေသတွင်း၌ အခြေခံစားကုန်များဖူလုံမှုမရှိပါက ပြင်ပမှ ဝယ်ယူစားသုံးရ မည်ဖြစ်ပြီး ဒေသတွင်းမှငွေများ ပြင်ပသို့ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အထွက်နှုန်းပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသ တွင်း လည်ပတ်သုံးစွဲငွေများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များ  အပြင် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်ခြင်း ဖြင့်လည်း ဒေသ၏လူမှုစီးပွားဘဝကို ဖွံ့ဖြိုးစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း။

မိတ္ထီလာခရိုင်သည် ဝါနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိထွက်ရှိသည့် ဒေသတစ်ခုဖြစ်သဖြင့် ဝါနှင့်ပတ်သက်သည့်စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အမြင်ကျယ်ကျယ်ဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဝါဂွမ်းများမှ အဆင့်မီသည့်ချည်ထည်ပစ္စည်းများ အဆင့်အထိတိုးတက် ထုတ်လုပ်နိုင် မည်ဆိုပါက ပြည်ပမှ အထည်အလိပ်နှင့်ချည် ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်း လိုအပ်ချက်ပြည့်မီပါက ပြည်ပသို့လည်းတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိတ္ထီလာ ဒေသအနေဖြင့် ဒေသတွင်းဖြစ်ထွန်းသည့် ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ခြင်း၊ နိုင်ငံ၏ ချည်ထည်၊ အထည်အလိပ်လုပ်ငန်းများ၌ ဦး ဆောင်ဒေသတစ်ခု၊ စံပြခရိုင်တစ်ခုအဖြစ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် ဒေသ၏လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စုပေါင်းသမဝါယမကို ဆောင် ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုထိရောက်အကျိုးရှိနိုင်ပြီး နိုင်ငံတော် အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက် ၍ စိုက်ပျိုးသည့်သီးနှံအမျိုးအစားများအလိုက် ကောက်ကွက်များ ပြည့်မီစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး အတွက် အခြေခံများရရှိမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေ ရေးဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ စနစ်တကျစိုက်ပျိုးမှုများကို ဆောင်ရွက်ခြင်း ဖြင့် အထွက်နှုန်းများတိုးတက်လာမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အား ထည့်၍ ဆောင်ရွက်သွားရန်လိုပြီး အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ဒေသခံများ အားလုံးက အမြင်ကျယ်ကျယ်ဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာမြို့၌ ကျောင်းသားစုပေါင်းခန်းမ ဆောက်လုပ်မည့်လျာထား မြေနေရာအားသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။