နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ ရထားလမ်းပိုင်းများနှင့် စမုံချောင်းတံတား ပြန်လည် ပြုပြင်ဆောင်ရွက်နေမှု  အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်သာစည်-မန္တလေး မီးရထား လမ်းပိုင်းပေါ်ရှိ စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ အား  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည်  မိတ္ထီလာ-သာစည် ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ ပြီး လမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုးတိုး တက်မှုအခြေအနေများကို ကြည့်ရှုသည်။ ထို့နောက် သာစည်ဘူတာသို့ ရောက်ရှိကြပြီး သာစည်ဘူတာမှတစ်ဆင့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်း တံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းခွင်နေရာသို့ မီးရထားစီးနင်း၍ သွား ရောက်ခဲ့ပြီး မီးရထားလမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းကောင်းမွန်စွာအောင်မြင် ဖြစ်ထွန်းမှုအခြေအနေများ၊ ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ရေအလုံးအရင်းဖြင့် ဝင်ရောက် တိုက်စားမှုများကြောင့် စိုက်ဧကများနှင့် မီးရထားလမ်းပိုင်းတစ်လျှောက် အချို့နေရာ များတွင် ထိခိုက်ပျက်စီးနေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ရေအလုံးအရင်းဖြင့် မြင့်တက်တိုက်စား ခဲ့မှုကြောင့် တံတားအမှတ် ၆၉၁(အဆန်)၏ ရန်ကုန်ဘက်ခြမ်းတံတား ချဉ်းကပ်တာ ဘောင် ရေတိုက်စားပျက်စီးခဲ့မှုအား ရထားလမ်းဖြုတ်သိမ်း၍ စက်ယာဉ်ယန္တယားများ ဖြင့် တာဘောင်မြေဖို့ပြုပြင်ဆောင်ရွက်ခြင်းနှင့် သံလမ်းပြန်လည်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တံတားအမှတ် ၆၉၁(အစုန်)၏ သံဘောင် ၄ ခုပြုတ်ကျခဲ့ပြီး တိုင် အမှတ် ၃ ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey တံတား (၉၀) ပေထိုး၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်တို့နေရာ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများနှင့် ရေစီးအားကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးစဉ် ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်း ရထားလမ်း ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် လမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုထိခိုက် ပျက်စီးခဲ့မှုများကို ကြည့်၍ ရေအလုံးအရင်းဖြင့် စီးဆင်းမှုအား မည်မျှပြင်းထန်မည်ကို ခန့်မှန်း၍ရနိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ရှမ်းကုန်းပြင်မြင့်ဘက်မှ စီးဆင်း လာခဲ့သည့် ရေစီးကြောင်းများနှင့် ၎င်းရေစီးကြောင်းများနှင့်အတူ မျောပါလာသည့် သစ်လုံးသစ်တုံးများ၊ နုန်းအနည်အနှစ်များကြောင့်လည်း ရေစီးဆင်းရာလမ်းကြောင်း တစ်လျှောက်ထိခိုက်ပျက်စီးမှုပိုမိုများပြားခဲ့ရခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေး ဆောင်ရွက်သွားရန်လိုပြီး နောင်အလားတူဖြစ်ရပ်မျိုးဖြစ်ပေါ်လာပါက ခံနိုင်ရည်ရှိစေ ရေးအတွက် စနစ်တကျသုတေသနပြုတွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြု ပြင်မည့်ရထားလမ်းပိုင်းနေရာများနှင့် အသစ်တည်ဆောက်မည့် ရထားလမ်းပိုင်းနေရာ များ၌ ရေဝင်‌ရေထွက်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုသကဲ့သို့ တံတား နေရာများ၌ အရှိန်အဟုန်ဖြင့် စီးဆင်းလာမည့် ရေစီးကြောင်းအရှိန်ကို ထိန်းနိုင်မည့် ကျောက်စီနံရံများဆောင်ရွက်ခြင်း၊ ချောင်းဖြောင့်ခြင်းတို့ကိုလည်း ထည့်သွင်းဆောင် ရွက်သွားရန်လိုကြောင်း၊ အဆက်အသွယ်ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်သွား ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အချိန်မီပြီးစီးအောင် စီမံဆောင်ရွက်သွားရန်လို ကြောင်းဖြင့် မှာကြားသည်။

 ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တံတားအမှတ် ၆၉၁(အစုန်)၏ သံဘောင် ၄ ခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် ၃ ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey  တံတား(၉၀) ပေ ထိုး ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးရထားလမ်းပြုပြင်နေသည့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆိုပါ တံတားပြုပြင်နေမှုနေရာမှ သဲတောဘူတာအထိ ရထား စီးနင်းလိုက်ပါခဲ့ပြီး သဲတောဘူတာသို့ရောက်ရှိပြီးနောက် သဲတော-ဝမ်းတွင်း-မိတ္ထီလာ လမ်းကြောင်းအတိုင်းမော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကာ လမ်းကြောင်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။