နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း(၃)နှစ်ပြည့်အထိမ်း အမှတ်နှင့် ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အောက်တိုဘာ – ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းလုံခြုံရေးအား ကာကွယ်စောင့် ရှောက်ရန်အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် (၄) စီး တပ်တော်ဝင် ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်၊ သက်ဆိုင် ရာ ရေတပ်စခန်းဌာနချုပ်များမှဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

ဦးစွာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်က တပ်တော်ဝင် ရေယာဉ်များဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး တင်အောင်စန်း က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် ရေယာဉ် ပုံစံငယ် ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့သည် ၄၈ မီတာ အမြန်သွားကင်း လှည့် ရေယာဉ်သစ် ၄ စီးကို မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့တွင် အင်အားဝင် ရေယာဉ်များအဖြစ် တပ်တော်ဝင်စာရင်းသွင်းနိုင်သည့် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ် သကဲ့သို့ မိမိတို့တပ်မတော်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့အတွက် အားသစ်လောင်းသည့် နေ့တစ်နေ့လည်းဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ၃ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားလည်း ဖြစ်ကြောင်း။

နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မ ကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်း ပြည့်ဝသော ကမ်းခြေ စောင့်တပ်ဖွဲ့ ဖြစ်လာရမည် ဟူသည့်မျှော်မှန်းချက်အမြင် ကျယ်ကျယ်ပြန့်ပြန့်ထားရှိပြီး တပ်ဖွဲ့ကို တည်ဆောက်သွားရန် မှာကြားလိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့်သတ်မှတ်လုပ်ငန်းတာဝန်များဖြစ်သည့် လူသား ချင်းစာနာအကူအညီပေးရေးကဏ္ဍတွင် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ် ပြင်၌ အရေးပေါ်လိုအပ်ချိန်များတွင် အကူအညီပေးခြင်းတို့ကို ဒေသတွင်းနိုင်ငံများနှင့် သော်လည်းကောင်း အိမ်နီးချင်းနိုင်ငံများနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ ဆိပ် ကမ်းများတွင် နိုင်ငံတကာရေယာဉ်များအား စစ်ဆေးကြပ်မတ်ခြင်း (Port State Control Inspections) စသည့်စစ်ရေးနှင့်မသက်ဆိုင်သော ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်များကိုလည်း ထမ်းဆောင်သွား ကြရမည်ဖြစ် ကြောင်း။

ထို့ပြင် ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ရာတွင် အဓိကတာဝန်ယူဆောင်ရွက်ရသည့် Key Actors များဖြစ်ပြီး အဏ္ဏဝါဂေဟ စနစ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် ပင်လယ်ပြင်ဆီယိုဖိတ်မှုနှင့် ရေထု ညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့များပြားသည့် ရေကြောင်းဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်ရေး နှစ်စဉ်တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း (၁၄၀၀)ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်း ရေမိုင် (၁၄၃,၁၁၀.၇၂)ရှိသည့် မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက် များစွာသောရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့ သွားရဦး မည်ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများ နှင့်ထိတွေ့ ဆက်ဆံရသကဲ့သို့ ပင်လယ်ပြင်တွင်လည်း ပြည်တွင်း၊ ပြည်ပက ကုန်သွယ် ရေယာဉ်များကို စစ်ဆေးကြပ်မတ်ရခြင်းဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ ဥပဒေ များ၊ နိုင်ငံတကာဥပဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာသိရှိ နားလည်ပြီး မိမိနိုင်ငံအကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ရမည် ဖြစ်သကဲ့သို့ အဆိုပါဥပဒေများနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခုကဲ့သို့ နိုင်ငံတကာရေကြောင်း အဖွဲ့အစည်း များနှင့် ထိတွေ့ဆက်ဆံရာတွင် White Hull Diplomacy ကို ထိထိရောက်ရောက် ကျင့်သုံး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အဖြူရောင် ကိုယ်ထည် သံခင်းတမန်ခင်း (White Hull Diplomacy) ဆိုသည်မှာ အဖြူရောင်ရေယာဉ်များကို အသုံးပြု တာဝန် ထမ်းဆောင်ကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် သံခင်းတမန်ခင်း ကဲ့သို့သော ငြိမ်းချမ်းစွာထိတွေ့ဆက်ဆံခြင်း၊ လူသားချင်းစာနာ အကူအညီပေးခြင်းနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အတူတကွ ပူးပေါင်းဆက်ဆံဆောင် ရွက်ခြင်းတို့ကို ဆိုလိုခြင်း ဖြစ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့များသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ပင်လယ်ရေ ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကြောင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း၊ ပင်လယ်ဓါးပြရန် ကာကွယ်တားဆီးနှိမ်နင်း ခြင်း စသည့်အရပ်သားပြည်သူလူထုများကို စောင့်ရှောက်ကာကွယ်ခြင်းနည်းလမ်း များကို အခြေခံသည့် Civilian Oriented လူမှုဝန်ထမ်းတပ်ဖွဲ့တစ်ခုအသွင် တာဝန် ထမ်းဆောင်ရခြင်း ပင်ဖြစ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြည်သူလူထုကို အကူအညီပေးရန် လူမှုဝန်ထမ်း အခြေပြုတပ်ဖွဲ့ Civilian-Oriented Troop တစ်ခုဖြစ်ခြင်းကြောင့် ပင်လယ် ရေကြောင်းအသုံးပြုသူ Mariners များကို ကူညီကယ်ဆယ်ရန်နှင့် အရပ်ဘက် ရေကြောင်း အာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ Agency များ၏ လုပ်ငန်းရပ်များကို ပံ့ပိုးကူညီရန်လိုအပ်ကြောင်း၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ်၊ အရေးပေါ် အခြေအနေ သို့မဟုတ် ရေကြောင်းနှင့်ပတ်သက်သည့် အရေးကိစ္စများ၊ အငြင်းပွားမှု များတွင် ပြည်သူလူထုအတွက် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အခါ အရပ်သားပြည်သူလူထုများနှင့် အနီးကပ်ထိတွေ့ပြီး အခက်အခဲကာလများတွင် ပြည်သူလူထုဘဝ လုံခြုံစိတ်ချရန်နှင့် တရားဥပဒေစိုးမိုးရန် ကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် Public Relations အပိုင်းတွင်လည်း ကျွမ်း ကျင်နေရန် လိုအပ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ရေကြောင်း အကျိုးစီးပွားများ (Maritime Interests)၊ ရေကြောင်းအရင်းအမြစ်များ (Marine Resources) ကို ထိန်းသိမ်းစောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး ပြည်တွင်းရေကြောင်း ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သတ်မှတ်လုပ်ငန်းတာဝန်များအား ကျေပွန် အောင် ထမ်းဆောင်သွားကြရန်၊ ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “စောင့်ရှောက် ကာကွယ် ဒို့ပင်လယ်” ဆောင်ပုဒ်အတိုင်း မြန်မာ့ပင်လယ်နှင့် ပင်လယ် ပြင်သယံဇာတ အကျိုးစီးပွားများကို စောင့်ရှောက် ကာကွယ်နိုင်စွမ်းရှိသော၊ စွမ်းရည် ရှိသော၊ နိုင်ငံတကာ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ဘောင်တန်းနိုင်သော တပ်ဖွဲ့ တစ်ခုအဖြစ် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ကြီးကြပ်ရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်လင်းက  အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီးအား တပ်တော် ဝင်ရေယာဉ်များအဖြစ်ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ ကမ်းခြေစောင့် တပ်ဖွဲ့အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈) ချက် တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်ရေယာဉ်များဖြစ်သော ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ်(၄)စီးတို့အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမြန်သွားကင်းလှည့် ရေယာဉ်ပေါ်ရှိ ဧည့်သည်တော်မှတ်တမ်းတင်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။