နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ – ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)သို့  သွားရောက် ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရန်ကုန် မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ပတ်သက်၍ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)၏ သမိုင်းအကျဉ်းနှင့် အချက်အလက် များ၊ မြို့ပတ်ရထားလမ်း၏ သမိုင်းကြောင်းနှင့် အဆင့်မြှင့်တင်ရေးစီမံကိန်း၏ သမိုင်း ကြောင်းများ၊ မြို့ပတ်ရထားများပြေးဆွဲသွားမည့်အစီအစဉ်များနှင့် ရထားလမ်းဆိုင်ရာ အဆောက်အဦများ၊ ရထားလမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လျှပ်စစ် ရထားပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ လုပ် ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လေ့လာရေးအဖွဲ့၏တွေ့ရှိချက်များ၊ မြို့ပတ်  လျှပ်စစ်ရထားအတွက် သုံးသပ်တင်ပြချက်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က  အဓိကမီးရထားလမ်းပိုင်းများ၌ မြန်နှုန်းမြင့်တင်မောင်းနှင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြန်မာ့မီးရထား၏ နောက်ခံအခြေ အနေ၊ လမ်းပိုင်းဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များ၊ စက်ခေါင်း၊ တွဲနှင့် DEMU (Rolling Stock) များ၏ စက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ အချက်ပြနှင့် သွားလာရေးစနစ်ဆိုင်ရာလိုအပ်ချက်များနှင့် သုံးသပ်ချက်များလည်းကောင်း၊ မြန်မာ့ မီးရထား၊ တိုင်းအသီးသီးရှိ လမ်းပိုင်းများတွင် ကွန်ကရစ်ဇလီဖားတုံးများ ထုတ်လုပ်၊ လဲလှယ်နိုင်ရေး ဆောင်ရွက်မည့်အစီအမံနှင့်ပတ်သက်၍ ကွန်ကရစ်ဇလီဖားစက်ရုံများ နှင့် ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဝေနိုင်မှု၊ လမ်းပိုင်းများ၌ ကွန်ကရစ်ဇလီဖားများ ထည့်သွင်း ထားရှိမှု၊ လမ်းပိုင်းများအားလုံးတွင် သံလမ်းတစ်ဆက်လျင် ကွန်ကရစ်ဇလီဖား ၂၁ တုံး အပြည့်ဖြည့်တင်းနိုင်ရေးအတွက် ထပ်မံလိုအပ်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က အဓိက မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျင် ၈၀ ကီလို မီတာအထိမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေးဆောင်ရွက်ရာတွင် အချို့လမ်းပိုင်းအကွေ့ နေရာများအား အမြန်နှုန်းကန့်သတ်ချက်များကိုက်ညီမှုရှိစေရေး လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ အမြန်နှုန်းနှင့် ကိုက်ညီမှု မရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်၍ မိမိတို့နိုင်ငံရှိလမ်းပိုင်းများနှင့်ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ် မှတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မီးရထားသယ်ယူပို့ဆောင် ရေးသည် ၁၈၇၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ် သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ကြည့်ပါက ရထားသယ်ယူပို့ဆောင်ရေးစနစ်များ နောက်ကျနေဆဲဖြစ်ကြောင်း၊ မီးရထားသယ်ယူပို့ဆောင်ရေးတွင် ရထားလမ်းသည် အဓိက အရေးကြီးပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ကိုက်ညီသည့် ကျောက်များ၊ ဇလီဖားတုံးများဖြည့်သွင်းပေးခြင်း၊ ကြံ့ခိုင်မှုကောင်းမွန်အောင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့အနေဖြင့် အမြန်နှုန်း တစ်နာရီလျင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ် နာရီလျင် ၆၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်သုံး(DEMU)စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည် ဆောက် ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  မီးရထားစက် ခေါင်းများနှင့် ရထားတွဲများကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား(EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးသည် မလွဲ မသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း။

ရထားလမ်းများကောင်းမွန်ပြီး အချိန်မှန်မှန်ဖြင့် ပြေးဆွဲနိုင်မည်၊ မြန်နှုန်းမြင့် စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူပို့ဆောင်ရေးကို အများပြည်သူများက ပိုမိုသုံးစွဲလာမည်ဖြစ်ကြောင်း၊ ရထားများအား သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင် နိုင်ရေးအတွက် Level Crossing နေရာများလျှော့ချခြင်း၊ Underpass များ တည်ဆောက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ရထားလမ်းနယ်များ၌လည်း ဥပဒေ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားဘူတာများ၊ ရထားမြေများအားလုံး၌လည်း သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်တကျ အတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားလမ်းနယ်များ၌ မျက်စိပသာဒဖြစ်စေရေး၊ မြေထိန်း သိမ်းမှုဖြစ်စေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို စနစ်တကျ ဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး အကျိုးရှိသည့် စနစ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထား ပို့ဆောင်ရေးစနစ်တစ်ခေတ်ပြန်လည် ဆန်းသစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စပိန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်း အသစ် များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များ မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။