ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ – ၉

မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူ ငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာန များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့မှုအခြေအနေများ၊ ရှာဖွေကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းတင်ထားသည့် “ သဘာဝဘေးအန္တရာယ် ကို ရင်ဆိုင်ကျော်လွှား မွန်မြတ်စိတ်ထား တွဲလက်များနှင့် ကူညီထမ်းဆောင်”  Video Clip ကို ဖွင့်လှစ်ပြသသည်။

အလှူငွေများအသီးသီး ပေးအပ်လှူဒါန်း

ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်  ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူ ရှင်များက ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်း ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ် သည်။

ဆက်လက်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက် လက်ပေးအပ်လှူဒါန်းကြရာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ် ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့် နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အသီးသီး လက်ခံရ ယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် စေတနာရှင်အလှူရှင်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် နှုတ်ခွန်းဆက်သအပ်ပါကြောင်းဖြင့် ဦးစွာ ပြောကြားပြီး ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေကြီး ရေလျှံမှုသဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည့်အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့မှု ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသ ကဲ့သို့ စေတနာရှင်အလှူရှင်များအနေဖြင့် တတ်နိုင်သရွေ့လှူဒါန်းခြင်းများ၊ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း၊  ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက် အားတိုက်ဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲများ ဆောင် ရွက်ခဲ့ရာတွင် ပထမအကြိမ်၌ (ငွေကျပ် ၃၂ ဘီလီယံကျော်) ရရှိခဲ့ပြီး ဒုတိယအကြိမ် တွင် (ငွေကျပ် ၁၀ ဘီလီယံကျော်)ကို ရရှိခဲ့ကြောင်း၊ စေတနာရှင်အလှူရှင်များ အနေ ဖြင့်လည်း အခက်အခဲများကြားမှလှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ထင်မှတ်မထားလောက် သည့်များပြားသောအလှူငွေပမာဏများဖြစ်ကြောင်း၊ ယနေ့တွင်ပြုလုပ်သည့် တတိယ အကြိမ် အလှူငွေပေးအပ်ပွဲသို့ စိတ်စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လာရောက် လှူဒါန်းပေးကြသည့်အတွက်လည်း စေတနာရှင်အလှူရှင်များအားလုံးကို နိုင်ငံတော် အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက် သည့် အခြေအနေများကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အသီးသီးမှလည်း လှူဒါန်းမှုများရှိကြောင်း၊ အလားတူ ဒေသအသီးသီးတွင်လည်း လူမှုရေးအသင်းအဖွဲ့များနှင့် လူပဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေခြင်းများရှိပြီး ၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ကူညီ ဆောင်ရွက်ပေးနေမှုများအပေါ်လည်း အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ ရခိုင်ပြည် နယ်အတွင်းမိုခါ မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ချိန်တွင် လည်း နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်း ခဲ့ကြကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါ တရားထက်သန်စွာဖြင့် လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ် ကောင်းများကို ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရခြင်းပင်ဖြစ်ကြောင်း။

ယခုဖြစ်စဉ်တွင် ရေဘေးဒဏ်သင့်ခဲ့ရသည့်ပြည်သူများအနေဖြင့် ရုတ်တရတ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် လက်လှမ်းမီသည့် ရရာပစ္စည်းများကိုသာယူ၍ ဘေး လွတ်ရာသို့ ရေဘေးရှောင်ခဲ့ရခြင်းဖြစ်ခြင်းဖြစ်သည့်အတွက် တစ်ဦးချင်းစီအလိုက်၊ မိသားစုချင်းစီအလိုက် ပျက်စီးဆုံးရှုံးမှုပမာဏများ များပြားကြောင်း၊ ယခင်နှစ်ပေါင်း များစွာကတည်းက ရေကြီးရေလျှံမှုတစ်ကြိမ်မျှဖြစ်ပေါ်ခဲ့ခြင်းမရှိသည့် ဒေသများ၌ မျှော် လင့်မထားသည့်ညအချိန်တွင် တောင်ကျရေများ ရုတ်တရတ် အရှိန်အဟုန်အလုံး အရင်းဖြင့် စီးဆင်းလာခြင်းကြောင့် အချို့မှာ ရှောင်တိမ်းချိန်မရဘဲ အသက်ဆုံးရှုံးခဲ့ရ မှုများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ အနက် ပျက်စီးမှုအများဆုံးပင်ဖြစ်ကြောင်း၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း၊ တံတားများ၊ လျှပ်စစ်တာဝါတိုင်များလည်း ပျက် စီးဆုံးရှုံးခဲ့ရကြောင်း၊ အလားတူ မွေးမြူရေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့ရကြောင်း။

ရေဘေးသင့်ခဲ့ရသည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာတွင် အလှူရှင်များအနေဖြင့်လည်း ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပါဝင် လှူ ဒါန်းပေးခြင်းကြောင့် လုပ်ငန်းများပိုမိုမြန်ဆန်စွာဖြင့် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် ဘီလီယံ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အင်းလေးကန်၌ ရေကျဆင်းမှုမရှိသေးကြောင်း၊ အလားတူလောပိတနှင့် အထက်ပေါင်းလောင်းတို့တွင် လည်း ရေဝင်ရောက်မှုများပြားနေသောကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများ ကို လုပ်ဆောင်၍မရသေးကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များနှင့်ပတ်သက်၍ အချိန်ယူ၍ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးများ သည်းထန် စွာ ရွာသွန်းခဲ့ချိန်တွင် ဆည်မြောင်းများအတွင်း ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် စိုက်ပျိုးရေအတွက် လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့ရသည့် စိုက် ပျိုးရေးလုပ်ငန်းများအတွက်   လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် စေတနာရှင်အလှူရှင်များအနေဖြင့် လည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုး ရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများကို လည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားပါက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုကြောင်း။

ပြည်တွင်းကုန်ပစ္စည်းထုတ်လုပ်မှုကောင်းမွန်မှသာ ပို့ကုန်များရရှိမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း များကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ၏သယံဇာတပစ္စည်းများကို ထုတ် ယူသုံးစွဲခြင်းမှာ ပြန်လည်ဖြည့်တင်းရန် ကန့်သတ်ချက်များရှိခြင်းကြောင့် အတတ်နိုင် ဆုံး ထုတ်ယူသုံးစွဲခြင်းကို မပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ထက် ဝက်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ Non Trade နှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ရငွေများရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နည်းပါး လျက်ရှိခြင်းကြောင့် ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုများမြှင့်တင်နိုင်ရေး လုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ် ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီးဆောင်ရွက် ကြစေလိုကြောင်း။

ရေဘေးသင့်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး နှင့်ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အခြားလိုအပ်သည့် ပရိ ဘောဂပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း အလှူရှင်များအနေဖြင့် လှူဒါန်းပေးနိုင်ကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ် ငန်းများအပြင် ၎င်းတို့ကြုံတွေ့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း ပြန်လည်ကုစားပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး တွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ရေဘေးသင့်ဒေသများအတွက် လှူဒါန်းမှုများသည် တန်ဖိုးမဖြတ်နိုင်သည့် လှူဒါန်းမှုများပင်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ ရေး လုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် တိုင်းပြည်ကောင်းအောင်ဆောင် ရွက်နေခြင်းသာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံ့အရေးအတွက် အားတတ်သရောလာရောက် လှူဒါန်းပေး မှုများအတွက်လည်း စေတနာရှင်အလှူရှင်များကို နိုင်ငံတော်အနေဖြင့် အထူးပင် အသိ အမှတ်ပြု ကျေးဇူးတင်ရှိကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်းဖြင့်ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေ စုစုပေါင်း(ငွေကျပ် ၁၁ ဒသမ ၉၇ ဘီလီယံ)ကျော်ကို လက်ခံရရှိခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။