နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စာဆိုဗိမာန်သုံးထပ်အဆောက်အဦ တည်ဆောက်ခြင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့တက်ရောက်ချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ – ၉

မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိ အမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်မည့် စာဆိုဗိမာန် အဆောက် အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင် လမ်းရှိ အဆိုပါမြေနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန် မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းမှတာဝန်ရှိသူများ၊ အမျိုးသားစာပေတစ်သက်သာဆုရ စာရေး ဆရာကြီးများနှင့်  ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စာဆိုဗိမာန် အဆောက်အဦတည်ဆောက်မည့် ဗဟိုနေရာ၌ ရတနာပန္နက်တိုင်ကို  စိုက်ထူပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အမျိုးသားစာပေတစ်သက်တာ ဆုရ စာရေးဆရာကြီး၊ ဆရာမကြီးတို့က သတ်မှတ်နေရာများ၌ အစီအစဉ်အတိုင်း ပန္နက် တော်တင်ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေး ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စာဆိုဗိမာန်အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စာဆိုဗိမာန်တည်ဆောက်နိုင်ရေး အတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် သုံးထပ်အဆောက်အဦအဖြစ် တည် ဆောက်သွားမည့်အခြေအနေများ၊ အဆောက်အဦအား စနစ်တကျတည် ဆောက်နိုင်ရေး ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စာဆို ဗိမာန်အား အထပ်အလိုက် ပြခန်းများခင်းကျင်းပြသသွားမည့် အခြေအနေများနှင့် ယခင်အဆောက်အဦအား စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြင်ဆင်ဆောင် ရွက် သွားမည့်အခြေအနေများ ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆောက်အဦများအား စနစ်တကျတည်ဆောက်သွားရန် နှင့် ရှေးစာဆိုတော်ကြီးများ၏ ခေတ်အလိုက် ပန်းချီများ၊ ဓာတ်ပုံများ၊ ရုပ်တုများကို ကြိုတင်၍ရနိုင်သလောက် စုဆောင်းထားရှိရန်လိုကြောင်း၊ ဂီတစာဆိုတော် ကြီးများ၏ မှတ်တမ်းများနှင့်ပတ်သက်၍လည်း ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ စာပေ ဗိမာန်ပြည်သူ့စာကြည့်တိုက်ကို ဆောင်ရွက်ရာတွင်လည်း စာပေများကိုဖတ်ရှုနိုင် ရန်အတွက် စာဖတ်ခန်းများကို အဓိကထည့်သွင်း၍ စနစ်တကျဖြင့်ထားရှိသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် အမျိုးသားစာပေတစ်သက်တာဆုရ စာရေး ဆရာကြီး၊ ဆရာမကြီးများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်၊

အဆိုပါစာဆိုဗိမာန် အဆောက်အဦကို သုံးထပ် အဆောက်အဦအဖြစ်တည် ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာ များ ခင်းကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များ ခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေ များ ခင်းကျင်းပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံး ခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်စာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိသွားမည် ဖြစ်သည်။

ယခင်စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိမာန် ၃ ထပ်အဆောက်အဦ၏ ပထမထပ်တွင်တည်ရှိပြီး ယခုတိုးတက်လာသည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှု အခြေ အနေများအရ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်ဖြင့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများအသိဉာဏ်ပညာ တိုးပွားစေရန်၊ မြန်မာစာပေဖွံ့ဖြိုး မှုအတွက်အထောက်အကူဖြစ်စေရန်၊ ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ တိုးပွားစေရန်ရည်ရွယ်၍ ယခင်အဆောက်အဦအား ပြန်လည် ပြုပြင်မွမ်းမံ၍ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖြစ်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။