နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ – ၁၁

         ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်း အနားကို  ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစား ကွင်း၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆု များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှသင်တန်းသားများ၊ဖိတ်ကြားထားသူများနှင့်ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၄ခုနှစ်၊ (၆၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ အလွတ်တန်းအဆင့် ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ  ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ် သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်၊ အပြန်အလှန်ထိုးဖောက်တိုက်စစ် ဆင်ကစားခဲ့ကြပြီး ပွဲကစားချိန် ၃၇ မိနစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဂိုး-ဂိုးမရှိ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။  ထို့နောက် ဒုတိယပိုင်းပွဲကစားချိန်၌ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ်ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးထပ်မံ သွင်း ယူနိုင်ခြင်း မရှိသည့်အတွက် ပွဲကစားချိန်ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ် စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၁ ဂိုး -ဂိုးမရှိ ရလာဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့်အတူ စစ်ရေးပြ မှူးကြီး ဦးဆောင်၍ အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံး အသင်း ၃ သင်းတို့မှ အားကစားသမားများက ဇေယျာသီရိတပ်မတော် အားကစား ကွင်း အတွင်း ဝင်ရောက်နေရာယူကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က ၂၀၂၄ခုနှစ်၊ (၆၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ရေ၊လေ)ဘောလုံး ပြိုင် ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူများနှင့် အသန့်ရှင်းဆုံးဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်းတို့ကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဒုတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ် စားပြုအသင်းကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို လည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆု ဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ တွင် ဆုတံဆိပ် တတိယအများဆုံးရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စား ပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း(တတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ဒုတိယအများဆုံးရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း(ဒုတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆၅ ခု၊ ငွေတံဆိပ် ၄၃ ခု၊ ကြေးတံဆိပ် ၄၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄၉ ခုဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း ဆုကြီးနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူအရာရှိနှင့် အား ကစားသမားများက လက်ခံရယူသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့၊ အားကစားအသင်း(၁၇)သင်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့တို့က စစ်ကြောင်းပုံဖြင့်ချီတက်၍ လက်ဝှေ့ရမ်းနှုတ်ဆက်ပြီး ဇေယျာ သီရိ တပ်မတော်အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ က ပြန်လည်လက်ပြနှုတ်ဆက်ကြသည်။

ထိုသို့ ချီတက်ထွက်ခွာနေချိန်တွင် (၆၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူး၊ မီးပန်းများကို ဂုဏ်ပြုပစ်ဖောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။