နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ – ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့သည်  ယနေ့ ညပိုင်းတွင် နေပြည်တော် စည်ပင် သာယာ ရေးကော်မတီလဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ  “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှု အားပေးသည်။

အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့နှင့်အတူ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲ ဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအကိုမောင်နှမများ၊ နေပြည်တော်သို့လေ့လာရေးခရီး ရောက်ရှိနေသည့် ဗိုလ်လောင်းများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှှင့် သဘင်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်ကိုယ်စားပြု “မင်းနိုင်စိုး” ဇာတ်တော်ကြီးအဖွဲ့က မူရင်း မဟာဇနက ဇာတ်တော်ကြီးတီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော် ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးတို့သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၂၀၂၄ခုနှစ်၊ (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုး ရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏  “မဟာဇနက” ဇာတ်တော် ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု “မဟာဧရာ” ဇာတ်တော်ကြီးအဖွဲ့က လည်း ကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု “ဖန်ခါးမြေ” ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ ယနေ့တွင် မွန်ပြည်နယ်ကိုယ်စားပြု “မင်းနိုင်စိုး”၁ ဇာတ်တော်ကြီးအဖွဲ့ ကလည်း ကောင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  အောက်တို ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြုဇာတ်တော်ကြီးအဖွဲ့များက သတ်မှတ် ရက်များအလိုက် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။