နေပြည်တော်၊ အောက်တိုဘာ – ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခိုင်မာသောမိတ်ဆွေနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေ အနေများ၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွကောင်း၊ မိတ်ဆွေေဟောင်း နိုင်ငံများဖြစ်သည် နှင့်အညီ သမိုင်းတစ်လျှောက် နှစ်နိုင်ငံအကြား အပြန်အလှန်ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်းပျံသန်းလျက်ရှိမှုနှင့် အပြန်အလှန်ကုန်သွယ်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူတို့တက် ရောက်ခဲ့ကြသည်။