နေပြည်တော်၊ အောက်တိုဘာ – ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ပြေးလမ်းအပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများ၊ ကျောင်းသားအိပ် ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားခန်းမ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာ ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ပင်မစာသင်ဆောင်အတွင်းသို့ ရောက်ရှိကြပြီး ကျောင်းသားစုဝေးခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ယာယီစာကြည့်တိုက်နှင့် အထောက်အကူပြုခန်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကဏ္ဍတစ်ခု ချင်းစီအလိုက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက် များအပေါ်လိုအပ်သည်များမှာကြားသည်။
ထို့နောက် တက္ကသိုလ်ယာယီရှင်းလင်းဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က တက္ကသိုလ်အတွင်း သုံးထပ်ပင်မစာသင်ဆောင် အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အဆောင်များ၊ အားကစားကွင်းများ၊ စာကြည့်တိုက်နှင့် အခြားသင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု အဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများ၊ တိုးချဲ့ပင်မဆောင် ဆက်လက်ဆောင်ရွက်သွားမည့် အဆို ပြုပုံစံများ ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်အတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်ရုပ်တု တည်ဆောက်ထားရှိနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူ များနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့် အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြား အထောက် အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့ သို့ ရေရှည်တည်တံ့ခိုင်မြဲရေးဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများ ထည့် သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ ဦးရေ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက် များအတွက်လည်းကြိုတင်တွက်ချက်စဉ်းစားဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တက္ကသိုလ် ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာ နိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူ တိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုတင်တွက်ချက် ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက် သွားရန်လိုပြီး သစ်ပင်ပန်းမန်များစနစ်တကျ ထည့်သွင်းစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးပြီး ဖြစ်သည့်အပင်များ ဆက်လက်ရှင်သန်စေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ အပင်ကြီးများစိုက်ပျိုးရာတွင် ရေရှည်ကြီးထွားလာမည့် အခြေ အနေများအထိ ကြိုတင်တွက်ချက်စဉ်းစားပြီးမှသာ စနစ်တကျ စိုက်ပျိုးသွားရန်လို ကြောင်း၊ ယခုပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သဖြင့် လာမည့်နှစ် မိုးရာသီ မတိုင်မီ ရေထုတ်စနစ်များအားလုံး ဆောင်ရွက်ပြီးစီးစေရေးအတွက်လည်း ဆောင်ရွက်သွားရန် လိုကြောင်း၊ တက္ကသိုလ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံး ပြုနိုင်ရေး အတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေ၊ မီး စနစ်များ စနစ်တကျ ဖြစ်စေ ရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထား တွက်ချက်ဆောင်ရွက်သွားရန်လို ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့သည်။