(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ – ၂၃

        (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်း အနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး နှင့် အခမ်းအနားတက်ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာအကအဖွဲ့များ က ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကြိုဆိုကြသည်။

        အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊အုပ်ချုပ်သူများ၊နည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး မှပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

        အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာပြီးစီးရေးအတွက် မိမိတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မေတ္တာ၊ စေတနာ အပြည့်အဝဖြင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့် အနု ပညာရှင်ကြီးများ၊ ဗဟို၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အကဲဖြတ်အဖွဲ့ဝင် အနု ပညာရှင်များအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ပြုကျင်းပသည့် အခမ်းအနားပင်ဖြစ်ကြောင်း။

        ယခုပြိုင်ပွဲကြီးများကို နှစ်စဉ် အစဉ်အလာမပျက် အသွင်သဏ္ဌာန်သာမက အနှစ် သာရပါ ပိုမိုပြည့်စုံပြီး အမျိုးသားရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်စေရေးနှင့် ပြိုင်ပွဲ ကြီး၏ရည်ရွယ်ချက်များ တိုးတက်အကောင်အထည်ပေါ်လာစေရေး အလေးထား ကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကြီးများတွင် ပညာရှင်ကြီးများအားလုံးက တန်ဖိုး မဖြတ်နိုင်သည့် ပညာရပ်ဆိုင်ရာများကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြသည့် အတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းကို နိုင်ငံတော်၏ကိုယ်စား အလေးအနက်ထား ပြောကြားလိုကြောင်း။

        မိမိတို့ အမျိုးသားယဉ်ကျေးမှုသည် အဖက်ဖက်က ခိုင်မာတောင့်တင်းနေရန်လို အပ်ကြောင်း၊ သို့မှသာ တိုင်းတစ်ပါးယဉ်ကျေးမှုများထဲမှ မြန်မာတို့၏ အမျိုးဘာသာ သာသနာ ယဉ်ကျေးမှုများနှင့်  လိုက်လျောညီထွေဖြစ်သည့်အချက်များကိုယူပြီး မိမိ လူမျိုးတို့နှင့်ကိုက်ညီသည့် အမျိုးသားယဉ်ကျေးမှု အသွင်သဏ္ဌာန်များကို ပြုပြင် ပြောင်းလဲနိုင်ကြမည် ဖြစ်ကြောင်း။

ယခုကဲ့သို့အချိန်အခါမျိုးတွင် မျိုးဆက်သစ်လူငယ်များအပါအဝင် ပြည်သူ တစ်ရပ်လုံးအတွက် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု ကိုယ်ခံ စွမ်းအားများ မြင့်မားရှင်သန်နေစေရေးအတွက် အနုပညာစွမ်းအားနှင့် အမြဲတမ်း စေ့ဆော်မြှင့်တင်ပေးရန် အထူးလိုအပ်လျက် ရှိကြောင်း။

        မြန်မာ့အနုပညာသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ခေတ်အဆက်ဆက် ပေါ် ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများ၏ ထိန်းသိမ်းဆင့်ပွားအမွေပေးခဲ့‌သည့် ကျေးဇူး တရားများကြောင့် ယနေ့သက်ရှိထင်ရှားရှိနေကြသည့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီး များသည် အဖိုးထိုက်တန်သည့် မြန်မာ့ယဉ်ကျေးမှုအနုပညာဘဏ္ဍာတိုက်ကြီးကို ပိုင် ဆိုင်ထိန်းသိမ်းထားသူများအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း။

        ထို့ကြောင့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက် တွင် ပေါ်ထွန်းခဲ့ကြသည့် ဆရာသခင်အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်း၊ အလေ့အကျင့်ကောင်းများကဲ့သို့ အမွေခံထိန်းသိမ်းထားသည့် အနုပညာဘဏ္ဍာတိုက် ကြီးများကို ပိုမိုခိုင်ခံ့ဝင့်ကြွားတန်ဖိုးကြီးမားလာစေအောင် ပြုစုပျိုးထောင်ပေးရင်း နောင်လာနောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာအ‌မွေ လက်ဆင့်ကမ်း ပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း။

        ယခု ငွေရတုပြိုင်ပွဲမှသည် နောင်လာမည့် ရွှေရတု၊ စိန်ရတု  ရတုအဆက်ဆက် တိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးပေါင်းများစွာ အတွက် ယဉ်ကျေးမှုအနုပညာအမွေများကို လက်ဆင့်ကမ်းပေးဝေပြီး နိုင်ငံနှင့်လူမျိုး၏ အကျိုးကို ထမ်းရွက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးမောင်မောင်လတ် နှင့် အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်ကိန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်တွင် ပထမအကြိမ်မှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အထိ အကဲဖြတ်ပညာရှင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် စည်သူ ဒေါ်ထား၊ ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာသံစုံတီးဝိုင်း ဂီတမှူး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယအမြဲ တမ်း အတွင်းဝန် ဦးလှိုင်ဝင်းမောင်၊ ဆိုပြိုင်ပွဲ၌ ဝါသနာရှင်(ပထမတန်း)အဆင့်တွင် အသက်အကြီးဆုံးပြိုင်ပွဲဝင် ဦးတင်အုန်း၊ အကပြိုင်ပွဲ၌ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အသက်အငယ်ဆုံးပြိုင်ပွဲဝင် မောင်ဟိန်းလင်းမာန်သွေး၊ ဇာတ်တော်ကြီးပြိုင်ပွဲအတွက် ကူညီပံ့ပိုးသူ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအုပ်ချုပ်သူများနှင့်အခမ်း အနားမှူး များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

        ထို့နောက် အကဲဖြတ်ပညာရှင် စည်သူ ဒေါ်ထား ကကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့သည် အခမ်းအနား တက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

        ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင် များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။

        ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။