နေပြည်တော် ၊ နိုဝင်ဘာ – ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ချုံချင့်မြို့ရှိ စက်ရုံအလုပ်ရုံများ သို့သွားရောက်လေ့လာသည်။
Zhongyue Aviation UAV Firefighting-Drone Co.Ltd.
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် Zhongyue Aviation UAV Firefighting-Drone Co.Ltd. သို့ ရောက်ရှိ ကြရာ ကုမ္ပဏီမှ Founder & Chairman ဖြစ်သူ Mr. CAO, Bing နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏ သမိုင်း အကျဉ်းနှင့် နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများ၊ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့မှုများ နှင့် လူသားအကျိုးပြုဆောင်ရွက်ချက်များကြောင့် ပြည်တွင်းပြည်ပမှ ချီးမြှင့်ခြင်းခံခဲ့ ရသည့် ဆုတံဆိပ်များကို လိုက်လံရှင်းလင်းပြသပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများ တွင် အဆင့်မြင့်ဒရုန်းများအသုံးပြု၍ ကူညီဆောင်ရွက်ခဲ့သည့် မှတ်တမ်း Video ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှထုတ်လုပ်ထားသော လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားရှိမှုကို လိုက်လံကြည့်ရှုလေ့ လာကြရာ တာဝန်ရှိသူများက အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင်ကျွမ်း မှုများနှင့် အခြားသော သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု ၍ ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြပြီး ဒရုန်းဖြင့် မီးငြှိမ်းသတ်မှုအား လက် တွေ့သရုပ်ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကုမ္ပဏီတာဝန်ခံအား ယခုကဲ့သို့အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ လူသားအကျိုးပြုဒရုန်းများ တီထွင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှုအား ချီးကျူးဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
SERES မော်တော်ကားကုမ္ပဏီ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် SERES မော်တော်ကားကုမ္ပဏီသို့ သွားရောက်လေ့လာကြရာ ကုမ္ပဏီမှ Chairman ဖြစ်သူ Mr. Li Bo နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များအား ကားစက်ရုံ၏သမိုင်းအကျဉ်း၊ ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီအလိုက်၊ ကားအမျိုးအစားအလိုက် အချက်အလက်များနှင့် စက်ရုံအတွင်းကားထုတ်လုပ်နေမှုအဆင့်ဆင့် ကို အသေးစိတ် လိုက်လံရှင်းလင်းပြသကြရာ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ကုမ္ပဏီမှ ထုတ်လုပ်သည့် မော်တော်ကားပုံစံငယ်ကို ဂါရဝပြုပေးအပ်ရာ အမှတ်တရလက် ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့သည်။
Chongqing International Logistics Hub Park
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Chongqing International Logistics Hub Park သို့ ရောက်ရှိကြ ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်-ဥရောပ-အနောက်နိုင်ငံ တို့ အကြား ကုန်စည်စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြမြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည်စီးဆင်းမှုဆိပ်ကမ်းများနှင့် လမ်းပန်း ဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ် တို့ကို လိုက်လံရှင်းလင်းပြသကြသည်။
ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး ဧည့်သည်တော်မှတ် တမ်းတွင် လက်မှတ်ရေးထိုးသည်။
Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီ
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီသို့ သွားရောက်လေ့လာ ကြရာ ဥက္ကဋ္ဌ ဖြစ်သူ Mr. Yan Hua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် အိမ်နီးချင်း နိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ လယ်ယာလုပ်ငန်းသုံး ထုတ်ကုန်စက် ပစ္စည်းများ၊ ရေစုတ်စက်၊ မီးစက်၊ နှင်းရှင်းစက်နှင့် လမ်းရှင်းစက်များ တင်ပို့ရောင်း ချရလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် စက်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု နှင့် အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
Chongqing Planning Exhibition ပြတိုက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Chongqing Planning Exhibition ပြတိုက်သို့ ရောက်ရှိကြရာ ချုံချင့်မြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြတိုက်မှ တာဝန်ရှိသူများက ချုံချင့်မြို့၏ ခေတ်အဆက်ဆက် ဖြစ် ပေါ်ပြောင်းလဲတိုးတက်ခဲ့မှုများ၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းမြင့် မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကိုဖော်ပြထားသည့် အထူးပြုလုပ်ချက်ဗီဒီယိုများ စသည်ဖြင့် ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသကြရာ သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြတိုက်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာဝန်ခံ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ ရောက်ရှိပြီး ယန်စီမြစ် အတွင်းသင်္ဘောစီး၍ လေ့လာခဲ့ကြကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံကာ တရုတ်-မြန်မာ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင် မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။