နေပြည်တော်၊ နိုဝင်ဘာ – ၁၅
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီး ရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ၊ ကောင်စီဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုး ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက် ကြပြီး ဘုရားဖူးလာရဟန်း ရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ကြသည်။
ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့် လည်ပူဇော်ပြီး သဒ္ဓါဓိပတိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အခမ်းအနားကျင်းပမည့် နေရာသို့ရောက်ရှိကြရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့က စိန်နားပန်မီးပုံးပျံလွှတ်တင်မှု နှင့်ညမီးကျည်(ညမီးကြီး)မီးပုံပျံများ လွှတ်တင်ပူဇော် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ရုရှား- မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် မြတ်ရောင်ခြည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှု ကိုကြည့်ရှုအားပေးကြသည်။ အဆိုပါမြတ်ရောင်ခြည် စိန်နားပန် မီးပုံပျံ၏ ကိုယ်ထည်တွင် ကနုတ်ပန်းခက်များ၊ ကြာပန်းခက်များ၊ ကြာပန်း ခက်များ၏ အပေါ်တွင် မြတ်ရောင်ခြည်စာသားအား အပြာရောင်ဖြင့် ရေးဆွဲထားပြီး မီးပုံပျံ၏ အောက်ဆွဲတွင် ကြာပန်းပုံနှင့် ဘူရားတီးရား စာသားကို မီးပုံးရောင်စုံများ ဖြင့် လှပစွာချိတ်ဆွဲထားရှိသည်။
မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများဆောင်ရွက်နေချိန်တွင် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများနှင့် ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့သည် ကျောက်စာရုံစေတီတော် များအတွင်းလှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်စည်းကမ်းအကောင်းဆုံးဆု၊ အဖွဲ့လိုက် ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု၊ အဖွဲ့လိုက် ချုပ်ရိုးချုပ်သား အကောင်းဆုံးဆု၊ အဖွဲ့လိုက် ရက်လုပ်ထားသော သင်္ကန်းအထည်သား တည်ဆောက်မှုအကောင်းဆုံး၊ အဖွဲ့လိုက် ရက်ကန်းစင်ကိုင်တွယ်အကောင်းဆုံးဆုတို့ကို ကောင်စီဝင်များက အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပဉ္စမဆုရရှိသည့် နေပြည်တော်ကောင်စီကိုယ်စားပြု အသင်း အား ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် ကချင်ပြည် နယ်ကိုယ်စားပြု အသင်းအား ကောင်စီတွဲဖက် အတွင်းရေးမှူးကလည်းကောင်း၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအား ကောင်စီ အတွင်းရေးမှူးက လည်းကောင်း၊ ဒုတိယ ဆုရရှိသည့် တနင်္ဿာရီတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က လည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပထမဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့် သည်။
၎င်းနောက် စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် စည်းကမ်း လိုက်နာမှု အကောင်း ဆုံးဆု၊ စက္ခုပသာဒ အကောင်းဆုံးဆု၊ ဆန်းသစ်တီထွင်အရောင်စုံလင်မှု အကောင်းဆုံး ဆု၊ မီးပုံးပျံအတက်အကောင်းဆုံးဆု၊ အတက်စံချိန် အကောင်းဆုံးဆု၊ မီးပုံးပျံပုံသဏ္ဍာန် အလှပဆုံးဆု၊ မှိုင်းခံစံချိန်အကောင်းဆုံးဆု ရရှိကြသည့် ဝန်ကြီးဌာန ကိုယ်စားပြု အသင်းများအား ကောင်စီအဖွဲ့ဝင်များက ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား ကောင်စီအတွင်းရေးမှူးက လည်းကောင်း၊ ဒုတိယ ဆုရရှိသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကိုယ်စားပြုအသင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်း လွှာများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဦးစီးချု့ပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်ပြီး ညမီးကျည်(ညမီးကြီး)မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲ တွင် စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု၊ စက္ခုပသာဒ အကောင်းဆုံးဆု၊ ဆန်းသစ် တီထွင်မှု အကောင်းဆုံးဆု၊ မီးပုံးပျံအတက်အကောင်းဆုံးဆု၊ အတက်စံချိန် အကောင်း ဆုံးဆု၊ မီးပုံးပျံပုံသဏ္ဍာန်အလှပဆုံးဆု၊ မှိုင်းခံစံချိန်အကောင်းဆုံးဆု ရရှိကြသည့် ဝန်ကြီးဌာန ကိုယ်စားပြုအသင်းများအား ကောင်စီအဖွဲ့ဝင်များက ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုအသင်း အား ကောင်စီအတွင်းရေးမှူးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာန ကိုယ်စားပြုအသင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်း လွှာများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်၍ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။ ၎င်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင် မီးထွန်း ပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင် ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော် ကြီးဖြင့်လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင် ဖျော်ဖြေမှုတို့ကို လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ရဟန်ရှင်လူပြည်သူများကလည်း စည်ကားသိုက်မြိုက် စွာဖြင့် လာရောက်ဖူးမြော်ကြည်ညို ခဲ့ကြသည်။