နေပြည်တော်၊ ဒီဇင်ဘာ – ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကန်တော်ကြီးဥယျာဉ်ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး နှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးတို့က
ကန်တော်ကြီးဥယျာဉ်အတွင်းရှိရေကန်များအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များအား ထိန်း သိမ်းထားရှိမှုအခြေအနေများ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ပြုလုပ်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်က အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ် မြောက်ပန်းပွဲတော်သို့ လာရောက်အပန်းဖြေကြမည့်သူများ များပြားနိုင်သဖြင့် လိုအပ် သည်များကို ပြည့်စုံစွာ ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ(Land Mark)တစ်ခု ဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများအမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်သဖြင့် ပန်းပေါင်းစုံ များ ရာသီမရွေးဖူးပွင့်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ မျိုးသန့်များကိုလည်း ဒေသတွင်းအောင်မြင်ဖြစ်ထွန်းစွာဖြင့် ဖူးပွင့်နိုင် ရေး စမ်းသပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိ လမ်းများ၊ ရပ်ကွက်များအတွင်း၌လည်း သစ်ပင်ပန်းမန်များစိုက်ပျိုး၍ မျက်စိပသာဒ ဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်ဒေသသို့ ခရီးသွားဧည့်သည်များ အများအပြား လာရောက်အပန်းဖြေ ကြခြင်းသည် ဒေသ၏သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု၊ အေး ချမ်းစိုပြေမှုတို့ကြောင့်ပင်ဖြစ်ပြီး “အိမ်သာ၍ ဧည့်လာ”ခြင်းပင်ဖြစ်ကြောင်း၊ ဒေသတွင်း သို့ ခရီးသွားအများအပြားလာရောက်ခြင်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုများစွာ အထောက်အကူဖြစ်စေနိုင်သည်ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ Green Zone Area များကို မဖြစ်မနေအကောင် အထည်ဖော်သွားရမည်ဖြစ်ပြီး နှစ်ရှည်အရိပ်ရအပင်များကို အပင်သက်တမ်းအလိုက် စဉ်ဆက်မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျ ဆက်လက်စိုက်ပျိုးထိန်းသိမ်း ခြင်းများဖြင့်လည်း ရာသီဥတုကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ် ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထိန်းသိမ်းထား ရှိမှုများ၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသန ပြု စိုက်ပျိုးစမ်းသပ်ထားရှိမှု၊ ရေကန်ပတ်လမ်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဆွေးနွေးမှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်တော်ကြီးအတွင်း ထည့်သွင်း မွေးမြူထားသည့် အလှမွေးငါးများ၊ ဘဲငန်းများကို အစာကျွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့် ဈေး သစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်း ဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန် မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အထပ်အလိုက် ဆိုင်ခန်းများဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ကလေး ကစားကွင်းနေရာများ၊ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်နိုင်ရေးလျာထား ဆောင် ရွက်လျက်ရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆိုလာ ပြားများတပ်ဆင်သွားမည့် အခြေအနေများ၊ မြေညီထပ်ရှိ Local Fresh Fruits & Meats Market နှင့် Banking Service Area အတွက် ဗိသုကာဒီဇိုင်းများ ပြင်ဆင်ထား ရှိမှု၊ ယာဉ်ရပ်နားသည့်နေရာအတွင်း EV ကားများအတွက် Battery Charger နေရာ များ ဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးအတွက် တွက်ချက် ဆောင်ရွက်ထားရှိမှု၊ ရေဆိုးစွန့်ပစ်မှုစနစ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး အထူးပြုလုပ်ချက် Video Clip ကိုဖွင့်လှစ်ပြသသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့်ရေဝင်ရေထွက် ကောင်းမွန်စေရေးတို့ကို လည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျတွက်ချက်၍ ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွား ရန်လိုပြီး စားသောက်ဆိုင်ခန်းများထားရှိမည့်အထပ်တွင် သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲရာတွင် Back up စနစ်ကိုပါထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊အဆင့်မြင့်ဈေးဖြစ်သည်နှင့်အညီ အသီး အရွက်များ၊အသားငါးများကိုလည်း စနစ်တကျထုပ်ပိုး၍ ရောင်းချသွားရန်လိုကြောင်း။
ယခုအဆင့်မြင့်ဈေးသစ်တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှု ထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့်ကိုက်ညီသည့် အဆင့်မီဈေး တစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာ တည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ် ကြောင်း၊ စံပြဈေးတစ်ခုဖြစ်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။