နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov  နှင့်ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့် ကာလ်မီးကီရာပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ် အတွင်း ကာလ်မီးကီရာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပ သွားမည့်အခြေအနေများနှင့် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံမှ ကူညီ ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီရာပြည်နယ်တို့ အကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့် တင်ဆောင်ရွက်ခြင်းမှတဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန် အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက် ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်ဖက်တာဝန်ရှိသူများ ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုး မြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီရာပြည်နယ်အကြီးအကဲ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။