နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်း မည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးနှင့်  မှော်ဘီတပ် နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၁)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း လပြည့်ဝင်း အား  အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်အနေဖြင့် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ထမ်းရွက်စေနိုင်ရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များ အား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးဗိုလ် လောင်းသင်တန်းကို ဖွင့်လှစ်မွေးထုတ်ပေးခဲ့သည်မှာ ယခုဆိုပါက သင်တန်းအမှတ်စဉ် (၁၁)အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် တပ်မတော် တစ်ခုတည်းဖြင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောကျ်ား၊ မိန်းမ အသက် အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များ ကို လေ့ကျင့်မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း။

         မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မျက်မှောက်ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြရာတွင်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာအမျိုးသမီးထုစွမ်းအားကြီးကို မြင်တွေ့နေကြရပြီဖြစ်ကြောင်း။

၂၀၁၄ ခုနှစ်ကစပြီး တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန် ပေးအပ်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အတွက် လက်ရှိအချိန်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့အသီးသီးတွင် အမျိုးသမီးအရာရှိများ တာဝန် ထမ်းဆောင်လျက် ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ယုံကြည်အားကိုးရသည့် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများ ကိုလည်း တာဝန်ပေးခန့်အပ်လျက်ရှိကြောင်းကို အသိပေး ပြောကြားလိုကြောင်း။

ထိုကဲ့သို့ အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေး လျက်ရှိသောကြောင့် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီး၏ တာဝန်များအပြင် ကြမ်းတမ်း ခက်ခဲလှသည့် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)တာဝန်များ၊ မိုင်ထောင်ချီ ဝေးကွာ သည့် ပင်လယ်သမုဒ္ဒရာများကို စစ်ရေယာဉ်များဖြင့်ဖြတ်ကျော်ပြီး ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေး ခရီးစဉ်များ၊ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ခန်းများ၊ အမျိုးသမီးလေသူရဲ ပျံသန်းရေးတာဝန်များနှင့် လေထီး စစ်သမီး တာဝန်များကို ရဲဝံ့ ပြောင်မြောက်စွာ ထမ်းဆောင်နေကြသည်ကိုလည်း တွေ့ရမည်ပင်ဖြစ်ကြောင်း။

အာဆီယံနိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း လေ့ကျင့်ခန်းများတွင်လည်း တပ်မတော် အမျိုးသမီးစစ်မှုထမ်းများသည် နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ ရင်ပေါင်တန်းပြီး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း၊ ထို့ပြင် မကြာသေးခင်ကာလက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင်လည်း အမျိုးသမီး အရာရှိ၊ စစ်သည်များသည် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၇)ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့မြန်မာအမျိုးသမီးစစ်မှုထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည် မနိမ့်ကျဘူးဆိုသည်ကို လက်တွေ့ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့တပ်မတော် အမျိုးသမီးစစ်မှုထမ်းများ၏ ကောင်းမွန်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည့် အပြင် ပိုမိုကောင်းမွန်သည့် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်အောင်လည်း ဆက် လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

လေ့ကျင့်ရေးနှင့်ပတ်သက်၍ ယခုတက်ရောက် အောင်မြင်ခဲ့ပြီးဖြစ်သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ တစ်ဦးချင်း၊ အဖွဲ့လိုက် လိုက်ပါ လုပ်ဆောင်တတ်စေရေး လေ့ကျင့်သင်ကြား ပေးလိုက်ပြီးဖြစ်ကြောင်း၊ တက္ကသိုလ် အသီးသီးမှ ဘွဲ့ရရှိခဲ့ကြသူများဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တပ်မတော် အတွင်းသို့ ဝင်ရောက်လာသူများဖြစ်သည့်အတွက် ခံယူချက်များ အခြေခံအားဖြင့် ကောင်းမွန်ကြပြီး ဖြစ်ကြောင်း။

သင်တန်းတက်ရောက်စဉ် ကာလအတွင်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် သန်မာမှုရှိစေရေးအတွက် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရ မည်” ဟူသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ စနစ်တကျလေ့ကျင့်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ကျောင်းကသင်ကြားပေးလိုက်သည့် အတတ်ပညာများကို မမေ့ မလျော့အောင် “အမြဲတမ်း လေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်ရမည်” ဟူသည့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး သင်တန်း ကျောင်းတွင်သာမက တာဝန်ထမ်းဆောင်ချိန်များတွင်လည်း ပြန်လည် လေ့ကျင့်နေ ရန်လိုအပ်သကဲ့သို့ လက်တွေ့နယ်ပယ်တွင်လည်း ထိရောက်စွာအသုံးချကြရန် အလေး အနက်ထား မှာကြားလိုကြောင်း။

မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေး ကြီးသည့်အတွက် မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ကောင်းများ ဖြစ်စေ ရန်နှင့် မိမိအရည်အသွေးကို တိုးတက်အောင် အမြဲကြိုးစားဆောင်ရွက်နေကြရန် လို အပ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရေးအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိကိုယ်တိုင် တတ် မြောက် ပြည့်စုံနေရမည်ဖြစ်သကဲ့သို့ တည်ကြည်ရိုးသားမှုနှင့် တော်တည့် ဖြောင့်မတ် သည့် ကိုယ်ကျင့်တရားမြင့်မားရန်လည်းလိုအပ်ကြောင်း၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ် ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ လက်အောက်ငယ်သားများအပေါ် အဂတိ ကင်းကင်းဖြင့် မှန်ကန်မျှတစွာ ကွပ်ကဲအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း၊ အရာရှိငယ် များအဖြစ် စတင်တာဝန်ထမ်းဆောင်ရတော့မည့်သူများအနေဖြင့် မိမိဦးဆောင်သည့် အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းကပေးအပ် လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ထားရန်လိုအပ် မည် ဖြစ်ကြောင်း၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနှင့် မိသားစုဝင်များသည် စုစည်းညီညွတ်ရန် အထူးလိုအပ် ကြောင်း။

         ထို့ကြောင့် အဆင့်ဆင့်သော ခေါင်းဆောင်များအနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို အလေးထားတည်ဆောက်သွားရမည်ဖြစ်ပြီး ထိုသို့ တည်ဆောက်သည့် နေရာတွင် ညီညွတ်မျှတသည့်အမိန့်နှင့်တာဝန်များပေးအပ်ကာ မှန်ကန်သည့် ခေါင်း ဆောင်မှု၊ လူ့သဘောသဘာဝကို နားလည်စွာကွပ်ကဲအုပ်ချုပ်မှုတို့ဖြင့် ပုံဖော်တည် ဆောက်သွားရမည်ပင်ဖြစ်ကြောင်း၊ တပ်မတော်၏အားသည် စည်းလုံးညီညွတ်မှု            အပေါ်တွင်သာ အခြေတည်လျက်ရှိသည့်အတွက် တပ်တွင်းစည်းလုံးညီညွတ်မှု ရှိပါက မည်သူကမျှ တပ်မတော်ကို ဖြိုခွဲ၍ရမည် မဟုတ်သည်ကို ပြောကြားလိုကြောင်း။

ထိုကဲ့သို့ အခြေခံကျသည့် တပ်တွင်းစည်းလုံးရေးကို ခိုင်မာအောင် တည်ဆောက် ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း လက်တွေ့ဆန်သည့် တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်များတွင် ကူညီကယ်ဆယ်ထောက်ပံ့ပေးခြင်းများသည် ပြည်သူလူထုအပေါ် လက်တွေ့ပါသည့်စည်းရုံးရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ် ကြောင်း၊ ထိုသို့ တပ်ပြင်စည်းရုံးရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် နှင့်တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားများအတွက် ရှေးရှုဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သည့်အတွက် တပ်မတော်သား အမျိုးသမီးအရာရှိ  အားလုံးကလည်း အလေးထား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

စစ်အောင်ရခြင်း အကြောင်းတရားများ၏ အခြေခံသည် စစ်သည်တော်တိုင်း စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှုနှင့်အမိန့်နာခံတတ်မှုပင် ဖြစ်ကြောင်း၊ တပ်မတော် တွင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှုသည် ကျောရိုးဖြစ်သကဲ့သို့ အမိန့်နာခံတတ်မှု သည်လည်း စစ်သည်တော်ကောင်းတစ်ယောက်၏ဂုဏ်ဒြပ်ပင် ဖြစ်ကြောင်း။

အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာဖြင့် အဓွန့်ရှည်ကြာစွာ ရပ်တည်နေနိုင်ခြင်းသည် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့်စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာ စောင့်ထိန်းရမည့် ဥပဒေများနှင့် စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားမှုများရှိခြင်းတို့ကြောင့်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် စည်းကမ်းလိုက် နာမှုနှင့် အမိန့်နာခံတတ်မှုများကို ခါးဝတ်ပုဆိုးပမာ မြဲမြံခိုင်ခံ့နေရမည်ဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော်သားတွေအနေဖြင့်လည်း စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ နှင့်အညီ နေထိုင်ကျင့်ကြံပြီး စစ်ဘက်နှင့် နယ်ဘက်ဆိုင်ရာဥပဒေများကိုသာမက နိုင်ငံတကာက လိုက်နာကျင့်သုံးနေကြသည့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် စစ်ပွဲဆိုင် ရာ ဥပဒေများနှင့်ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများကိုပါ လိုက်နာကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုရာတွင် လိုက်နာလုပ်ဆောင်ရန်တိုက်တွန်းချက်စည်းကမ်းနှင့် ရှောင်ကြဉ် ရန် သတ်မှတ်ထားသည့် တားမြစ်ချက်စည်းကမ်းဟူ၍ နှစ်မျိုးသာရှိကြောင်း၊ ချမှတ် ထားသည့်စည်းကမ်းများကို အသိတရားဖြင့် လိုက်နာစောင့်ထိန်းတတ်သည့် နိုင်ငံကြီး သား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာစေရန် ကျင့်ကြံဆောင်ရွက်ပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် အလေးထား မှာကြားလိုကြောင်း။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေး” ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ် ပန်ဆင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး တို့အတွက် မိမိကိုယ် စွမ်းဉာဏ်စွမ်းရှိသမျှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ အမျိုးသမီးစစ်မှုထမ်းများ၏ ကောင်းမွန်သည့် သမိုင်းအစဉ်အလာများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြ ရမည် ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သည့် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်အောင် လည်း ဆက်လက်ကြိုးပမ်းသွားကြရန်၊ ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ချက်ကို တိတိ ကျကျလိုက်နာကာ အထက်က ယုံကြည်စိတ်ချရပြီး လက်အောက်က လေးစား အားထားရသည့် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင်၊ နိုင်ငံ တော်နှင့် တပ်မတော်မှ အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန်၊ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို ကျစ် လျစ်ခိုင်မာအောင် ညီညွတ်မျှတသော အုပ်ချုပ်ရေးစနစ်နှင့် မှန်ကန်သောဆုံးဖြတ်ချက် များချမှတ်ပြီး ရေပက်မဝင်သောစည်းရုံးရေးဖြစ်အောင် ဆောင်ရွက်သွားကြရန်လို ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း လပြည့်ဝင်း၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း အေးသီတာ၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း နန္ဒာကျော် နှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း အိဖြူမောင် တို့အား တွေ့ဆုံ၍ ဂုဏ်ပြု အမှာ စကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန် လိုကြောင်း၊ ယခုဗိုလ်လောင်းသင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန် ပညာတို့ကို အသီးသီးဆည်းပူး လေ့လာအောင်မြင်ခဲ့ကြပြီးဖြစ်သဖြင့် အတွေးအခေါ် ပိုင်းနှင့် လူနေမှုပုံစံများကို လေ့လာခဲ့ကြရပြီး အရည်အချင်းနှင့် အတွေ့အကြုံများရှိပြီး ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ရန်နှင့် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာ များကို အောင်မြင်ရန် ကြိုးစားခဲ့ကြရပြီး ယခုဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့ရာ တွင်လည်း ကြိုးစားအားထုတ်မှုရလဒ်များကြောင့် ထူးချွန်စွာအောင်မြင်ပြီး အမျိုးသမီး အရာရှိများအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

ငယ်စဉ်ကလေးဘဝမှယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းသွန်သင် ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိကောင်းများဖြစ် အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံ ကောင်းများ ကို ဆက်လက် ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက် ပျက်ရအောင် ဆက်လက်ကြိုးစားအားထုတ်သွားရန်လိုကြောင်းနှင့် မိမိတို့တာဝန်ကျ သည့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာကောင်းကျိုးကို အကျိုးပြု နိုင်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။