နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ – ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွား များနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်‌ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက်ဂုဏ်ပြုချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့်ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ်မှူး များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ် ရေယာဉ်စုမှူးထံ တပ်တော်ဝင်စစ်ရေယာဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်း များအား လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များအား ဂါရဝပြုပေးအပ်သည်။

ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော (၆၃) မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် (၂) စီးတို့အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ် ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိအလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏အလေး ပြုခြင်းကို ခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်း‌အောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်) တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။ ၎င်းနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီဂိတ် စစ်ရေယာဉ်(အောင်ဇေယျ)ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)၊ ဖရီဂိတ် စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)၊ ကမ်းလွန်ကင်းလှည့် စစ်ရေယာဉ်(အင်းလေး)နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(ရန်ရဲအောင်)တို့က ရှေ့နောက်တန်းပုံပြု (Single Line Formation) ပုံစံဖြင့်လည်းကောင်း၊ ၄၉ မီတာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) စစ်ရေယာဉ် (၄၉၁) ဦးဆောင်သော စစ်ရေယာဉ်၂ စီးနှင့်  အမြန်သွားကင်းလှည့်ရေယာဉ် ၄ စီးတို့က ရင်ပေါင်တန်းပုံပြု (Line Abreast Formation) ပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြု ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံအား အထိမ်းအမှတ်လက်ဆောင် အဖြစ် ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် အရာရှိ၊ စစ်သည်များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်း အမှတ်တံဆိပ်(Plaque)၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် လက်ဆောင် ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့တွင် တပ်မတော်(ရေ)မှ တည် ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချ ပေးခြင်း၊ (၆၃) မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (၂) စီးအား တပ်တော်ဝင် ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော်(ရေ)တို့အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာ စနစ်ပါဝင်သည့်ဒီဇယ် (သို့မဟုတ်) Gas Turbine ပေါင်းစပ်မောင်းနှင်မှုစနစ် (Combination of Diesel or Gas – CODOG) ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီး ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ယခုဖရီဂိတ်စစ်‌ ရေယာဉ်ကြီးများအထိ အဆင့်ဆင့် တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာ ပင်ဖြစ်ကြောင်း၊ “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကိုတည်ဆောက်ကာ ဝယ်ယူအသုံး ပြုသူအဆင့်မှ ကိုယ်တိုင်တည်ဆောက်သူ (Buyer to Builder) အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင် ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရားများစွာတို့ဖြင့် ပြည့်နှက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ပြီးပြည့်စုံပြီး အဖိုးတန်လှသည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော် (ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက် မပြတ် တိုးချဲ့တည်ဆောက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တည် ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ပြင် ဒုတိယအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ် ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင် စွမ်းရှိသည့် ရေတပ်ဖြစ်စေရေးအတွက် တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက် လက် တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ် မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှု ဟူသည့် အသင့် ဖြစ်မှု(၃) ရပ်နှင့်ပြည့်စုံအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း အနေဖြင့် ကိုယ်စီကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ်လေ့လာလေ့ကျင့်နေရမည်ဖြစ်ပြီး လက်နက်နှင့် လက်နက်စနစ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လက်ဆင့်ကမ်းပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် တပ်မတော်(ရေ)မှ မျိုးဆက်သစ်  အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်နှင့် မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များ ကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ (၇၇)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့မှသည် နောင် ရာစုနှစ်၊ ထောင်စုနှစ်ပေါင်းများစွာအထိ နိုင်ငံ တော်နှင့် တပ်မတော်၏ ဂုဏ်ကို ဆက်လက်မြှင့်တင်သွားနိုင်ရန် ဆုမွန်ကောင်းတောင်း ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှ ဧရာဝတီ ရေတပ် စခန်းဌာနချုပ်သို့စစ်ရေယာဉ် (ရတနာပုံ)ဖြင့် ထွက်ခွာကြသည်။

ထိုသို့ သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က(၇၇)နှစ် မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်တံဆိပ်နှင့် စစ်ရေယာဉ်များ တပ်တော် ဝင် အထိမ်းအမှတ်တံဆိပ်များအား ဂါရဝပြုပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက် ခင်းကျင်း ပြသထားသည့်ပြခန်းများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာ စား သောက်ဖွယ်ရာအရောင်းဆိုင်များ၊ စာအုပ်အရောင်းဆိုင်များနှင့် တပ်မတော်ထုတ် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။