နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်းမင်္ဂလာအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ – ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက်နှစ် ပတ်လည်နေ့အခမ်းအနားတွင် တပ်မတော်(ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်းမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအစီအစဉ်အရ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး တည် ဆောက်ခဲ့မှုနှင့် ရေယာဉ်ဆိုင်ရာအချက်အလက်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ရှင်းလင်းတင်ပြသည်။

ထို့နောက် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား အမည်ပေးခြင်းမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရေယာဉ်အမည်ပေးခြင်းမင်္ဂလာကို ဖတ်ကြားချီးမြှင့်ဆောင် ရွက်ရာတွင် နိုင်ငံ၏ပြည်တွင်းရန်ကိုနှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်ကြီး “သာလွန်မင်း” ဟု အမည်ပေးအပ်သည်။

ဆက်လက်၍ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး ရေချပေးခြင်း မင်္ဂလာ အခမ်းအနားအား ရေတပ်ထုံးထမ်းစဉ်လာများအတိုင်း ဆောင်ရွက်ရာမင်္ဂလာ အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ရှန်ပိန်ပုလင်းခွဲ၍ ရေယာဉ်ကြီးအားရေချပေးပြီး တပ်မတော်(ရေ) စစ်တီးဝိုင်း တပ်ဖွဲ့မှ ဂုဏ်ပြုတီးမှုတ်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေယာဉ်ပုံစံငယ်နှင့် စစ်ရေယာဉ်ကြီး ရေချရာတွင်အသုံးပြုခဲ့သည့် ရွှေပုဆိန်တို့အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ်ကြီးတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဂုဏ်ပြုလက်ဆောင်သစ်သီးခြင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို Ship lift Platform မှ ရေချခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ တပ်မတော်(ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ် စစ်ရေယာဉ်ကြီး “သာလွန်မင်း” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရေတပ် သင်္ဘောကျင်းဌာနချုပ်၌ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်၍ စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ရေယာဉ်ကြီးသည်ကြီးမားသည့်အတွက် ကိုယ်ထည်များခွဲခြားတည် ဆောက်ခဲ့ကာ ရေယာဉ်ကိုယ်ထည်ကြီးအဖြစ် တွဲဆက်တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခုစစ်ရေယာဉ်ကြီးသည် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ခေတ်မီစစ်ရေယာဉ် တစ်စီး၏ လိုအပ်ချက်များနှင့်အညီ ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက် နှင့် လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်အတွင်းပိုင်း အခန်းဖွဲ့စည်းမှုများနှင့် စနစ်များကိုလည်း နိုင်ငံတကာခေတ်မီ စစ်ရေယာဉ်ကြီးများနည်းတူ ကောင်းမွန်စေရေး ကြိုးပမ်းတည်ဆောက်ခဲ့ခြင်း ဖြစ် ကြောင်း၊ ရေယာဉ် ဆိုင်ရာ အချက်အလက်များအနေဖြင့် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျင် ရေမိုင် ၃၀ အထိမောင်းနှင်နိုင်မည့် စစ်ရေ ယာဉ်ကြီးပင်ဖြစ်ကြောင်း၊ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအနေဖြင့် ၂၁ ရာစု ရေတပ်များ၏ ရည်မှန်းချက်တာဝန်များနှင့် စွမ်းရည်များကို ပိုင်ဆိုင်မည့် စစ်ရေယာဉ် ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော ခြိမ်း ခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ ကင်းလှည့် ထောက်လှမ်းခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ကျူးကျော်မှုများကို တိုက်ဖျက်ခြင်း နှင့် ရေပြင်နယ်နိမိတ်ကာကွယ်ခြင်း၊ မိမိနိုင်ငံပိုင်နက်ပင်လယ်ပြင်ကို ထိန်းချုပ်ခြင်းနှင့် လူသားချင်းစာနာထောက်ထား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်း ရှိသည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့  စစ်ဆင်ရေးနယ်ပယ်မျိုးစုံတွင် အသုံးပြုနိုင်သော စစ်ရေယာဉ်ကြီးအား ဖြည့်တင်းတည်ဆောက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများ ဖြစ်ထွန်းတည်ရှိရာ မြန်မာ့ပင်လယ်ပြင်ကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

(၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း” ကို ယနေ့ နံနက် ၉ နာရီတွင် စတင်ရေချခဲ့ပြီး ၁၀ နာရီ ၄ မိနစ်တွင် စစ်ရေယာဉ်တစ်စီးလုံး ရေထုအတွင်း သို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်းနှင့်  ရေတပ်သင်္ဘောကျင်းဌာနချုပ်တံတားသို့ ၁၁ နာရီ ၂၄ မိနစ်တွင် ရောက်ရှိဆိုက်ကပ်ထားရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။