ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅) ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၃၁

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

         အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန် ယူခဲ့သည့် ၆ လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်၏ကာကွယ်ရေးနှင့် လုံခြုံရေးအခြေအနေ

         ထိုသို့တင်ပြရာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆိုပါအချိန်က နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ကိုက်ညီပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ပထမဆုံးဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့် အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကိုဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိကြောင်း၊ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်ကိုတွေ့ရကြောင်း၊ ၆ လတာကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုကိုကြည့်မည် ဆိုပါကအပြစ်မဲ့ပြည်သူ/ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး/ ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၅၁၆ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ အစီရင်ခံသည့် ကာလအတွင်း ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များ နှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည်  PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိ‌န်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ KNU အကြမ်းဖက်သောင်းကျန်းသူများဟာ PDF တွေနဲ့ပေါင်းပြီး ဒေသ၊ မဲပလီဒေသ၊ အနန်းကွင်း ဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-ရခိုင် ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း။

အဆိုပါအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အချို့က လူထု၏ စိတ်ခံစားချက်ကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ခြင်း က အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏နိုင်ငံရေးအကြပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက် ယူဆချက် များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ပြည်တွင်းပြည်ပမှ နိုင်ငံတော်အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာ များနှင့်ပူးပေါင်းပြီး မဟုတ်မမှန်သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြကြောင်း၊ နိုင်ငံ တစ်ဝန်းလုံး အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အချိန်ကိုက် ဟန်ချက်ညီညီဖြင့် လှုံ့ဆော်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ပြင် ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့်နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက် မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်များ၏ အကျိုးမည်သူများ ရရှိခံစားရပါလဲ၊ မည်သူမှမရပါကြောင်း၊ နိုင်ငံ၏ဆုံးရှုံးမှုများသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟုဆိုပြီး လှုံ့ဆော်အားပေးနေသည့် နိုင်ငံများ၊ လူပုဂ္ဂိုလ်များစဉ်းစားကြရန်လိုကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ပေးရမည် ဆိုပါက ပြီးခဲ့သည့်နှစ်က လွိုင်ကော်မြို့ကို KNPP ၊ PDF အဖွဲ့များ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့က တက္ကသိုလ်အဆောက်အဦများ ထိခိုက် ပျက်စီးပြီး ကျောင်းပိတ်ခဲ့ရကြောင်း၊ လွိုင်ကော်တက္ကသိုလ်က အဆောက်အဦ ၄၄ လုံး ပျက်စီးခဲ့ပြီး ၎င်းတို့ကိုပြုပြင်ရန် ကျပ် ၉ ဘီလီယံခန့် ကုန်ကျရန်ရှိကြောင်း၊ အဆိုပါ ကုန်ကျစရိတ်သည် မူလတန်းကျောင်းအသစ်များစွာ ဆောက်လုပ်နိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်း၏ ပျက်စီးမှုကိုသာတွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ကျန် တက္ကသိုလ်၊ ကျောင်းများ၊ ဈေး၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများပါ ထည့်သွင်းတွက်ချက်ပါက ဘီလီယံပေါင်းများစွာရှိဦးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကြောင်းပြပြီး မိုက်မဲစွာ ဆောင် ရွက်မှုကြောင့် ဒေသခံများသာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စွန့်လွှတ်စွန့်စားစွာဖြင့် အဆိုပါအကြမ်းဖက်သမားများကို ရှင်းလင်းခဲ့ရကြောင်း။

ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီးဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် အဆိုပါဒေသ တွင်နေထိုင်ကြသည့် ဒေသခံများနှင့် ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ ထိုသို့လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံးက ရှုတ်ချနေကြပြီး ရပ်တန့်သွားအောင် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကိုလိုလား သည့် ဒေသခံပြည်သူနှင့်ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူ တစ်ဦးချင်းစီနှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လုံခြုံရေးအသိ ရှိရှိ ဆောင်ရွက်နိုင်ရန် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ခြင်းကြောင့် အများပြည်သူလုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြည်သူများအနေဖြင့် သတင်းများပေးကြရန်လိုကြောင်း။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်း ချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို  အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် အဖက်ဖက်မှ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် စစ်မှန်သည့်ပြည်သူ့ဆန္ဒကို ဖော်ပြနိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲ မည်မျှပေးမှသာ ရွေးကောက်ပွဲဖြစ်မြောက်မည်ဟု ပြဋ္ဌာန်းထားခြင်းမရှိသည်ကိုလည်း တွေ့ရပါကြောင်း၊ ပွညျသူလူထု၏ စစျမှနျသညျ့လိုလားခကြျဖွစျသော ပါတီစုံဒီမိုကရစေီ စနစျကို ပွညျသူလူထုကသာ စောငျ့ရှောကျရမညျဖွစျကွောငျး၊ စညျးစနစျကနြမှုရှိပွီး လှတျလပျပွီး တရားမြှတမှုအပွညျ့ရှိသညျ့ ရှေးကောကျပှဲဖွစျရနျ၊ သိက်ခာရှိသော ရှေးကောကျပှဲဖွစျရနျလိုကွောငျး၊ဆန်ဒမဲပေးပိုငျခှငျ့ရှိသူမြားမကနြျရအောငျ အဖွစျနိုငျဆုံး ‌ဆောငျရှကျပေးရနျလညျးလိုကွောငျး၊ အဆိုပါို့ လာမယျ့ မတျလကုနျနောကျပိုငျးမှသာ အစီရငျခံစာ ထုတျပွနျနိုငျပါမယျ။စောရငအခကြျမြားဖွစျပေါျရနျ နယျမွဒေသေ အလိုကျ တညျငွိမျအေးခမြျးပွီးလုံခွုံမှုရှိရနျ အရေးကွီးခွငျးကွောငျ့တပျမတောျနှငျ့ လုံခွုံရေး အဖှဲ့အစညျးမြားအနဖွေငျ့ လုံခွုံရေးလုပျငနျးမြားကို တိုးမွှငျ့ဆောငျရှကျနခွေငျး ဖွစျကွောငျး၊ မိမိတို့ရည်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရန် ရပ်ရွာဒေသများ အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးရေးကိုပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်လိုကြောင်း။

စိုက်မွေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး

           မိမိတို့နိုင်ငံသည် အခြေခံအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ဆောင်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက် တွင်နေကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် လယ်ယာသားငါး၊ သစ်တောနှင့်နှီးနွှယ်သည့် အလုပ်များလုပ်ကြကြောင်း၊ ၅၀ ရာခိုင်နှုန်းကျော်သည် ပညာရေးအသင့် အတင့်သာရှိခဲ့ကြသည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နည်းစနစ်တကျ ဆောင်ရွက်ရန် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝမှပေးထားသည့် ရာသီဥတုနှင့်မြေအနေအထား၊ တည်နေရာအနေအထားအရ  စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းနိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ဈေးနှုန်း ကြီးမြင့်ခြင်းကို ကျော်လွှားနိုင်ရန် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရန်၊ သီးထပ်စွမ်းအား ၂ ဆ မှ ၃ ဆထိ ရအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။စားပေးဆောင်ရွက်ခဲ့ပါတယ်။်ဟာ ပညာရေးအသင့်တင့်သာရှိခဲ့– ရာခိုင

           ပြည်တွင်းမှ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို မြှင့်တင်နိုင်ရန်နှင့် ပြည်ပမှ တင်သွင်းကုန်များ လျော့ချနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်မှသာ ၎င်းတိုနှင့်ဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းကုန်များ လျော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေး ခိုင်မာမှုရှိလာပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်နိုင်ရန် ကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

           စိုက်ပျိုးရေးထုတ်ကုန်များတိုးမြှင့်နိုင်ရန် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ထွက်ကုန်များကိုအခြေခံပြီး စက်မှုနည်းပညာများနှင့် ပေါင်းစပ်အသုံးပြုကာ ကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစပြီး MSME လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံအနှံ့သွားရောက်ပြီး တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ MSME လုပ်ငန်းတွင်ကုန်ကြမ်းရရှိရေးသည် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းအပေါ်မှာ အခြေခံရန်မူဝါဒပေးထား ပြီး ထိုမှတစ်ဆင့် တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်ရေး၊ ပြည်ပသို့တင်ပို့ရေး၊ သွင်းအားစုများရရှိရေး၊ ဘဏ္ဍာငွေအကူအညီပေးရေး၊ လူသားအရင်းအမြစ်များရရှိရေး တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာ နည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းထက် ခေတ်မီနည်းပညာများကို အသုံးချနိုင်မှသာ အထွက်နှုန်း တိုးတက်လာမည်မှာ အသေအချာပင်ဖြစ်ကြောင်း။

           မိမိတို့နိုင်ငံတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးရာသီအတွင်း မိုးစပါးစိုက်ပျိုး ဧက ၁၄ ဒသမ ၈ သန်း ကျော်၊ နွေစပါးစိုက်ပျိုးဧက ၂ ဒသမ ၀၉ သန်းကျော်၊ ပြောင်းမျိုးစုံ စိုက်ပျိုးဧက ၂ ဒသမ ၁ သန်းကျော်၊ ဆီထွက်သီးနှံစိုက်ပျိုးဧက ၃ ဒသမ ၂ သန်းကျော် နှင့် ပဲမျိုးစုံ စိုက်ပျိုးဧက ၃ သန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးပြီးစီးသည့် စပါးအပါအဝင် သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်ပါကလည်း အစာနှင့်ရေကို စနစ်တကျ တိုက်ကျွေးသည့်စနစ်ဖြင့် ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုပြီး အောင်မြင်သော မွေးမြူရေးလုပ်ငန်းဖြစ်အောင် ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအတွက် အခြေခံကောင်း များရှိပြီးဖြစ်သည့်အတွက် အောင်မြင်အောင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အထူးသဖြင့် ပြည်ပမှစားသုံးဆီ နှစ်စဉ်ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး တင်သွင်းနေရသည်ကို ၂၀၂၆ ခုနှစ်တွင် လျှော့ချရန် စီမံကြိုးပမ်းဆောင်ရွက် နေကြောင်း၊ ဆီထွက်နှုန်း ကောင်းသည့်နှမ်းကို ပန်းတိုင်ရည်မှန်းချက်ထွက်ရှိရေး၊ နေကြာတိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း။

           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှုကဏ္ဍနှင့် လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မရှင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ ကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူအကောင် အထည်ဖော်ကြရမည်ဖြစ်သည့်အတွက် ထိထိရောက်ရောက် အကောင် အထည်ဖော် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။

ပညာရေးကဏ္ဍ

           ပညာရေးကသာ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးကို ဆောင်ရွက်ပေး နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်အရေအတွက် များများရှိမှသာကဏ္ဍအစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊           ပညာရေး၏ သဘောသဘာဝအရ အခြေခံပညာအလယ်တန်းအဆင့်ထိ သင်ယူပြီးမှသာ ဘဝတိုးတက်ရေးအတွက် လိုအပ်သည့်အတတ်ပညာများကို ဆက်လက် သင်ယူနိုင်မည်ဖြစ်ကြောင်း။

           ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ခွင့်ရပြီး ပညာသင်ကြား နိုင်ရေးသည် အရေးကြီးသည့်ကိစ္စရပ်ဖြစ်ကြောင်း တာဝန်ရှိသူများအနေဖြင့် ကျောင်း တက်နေသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေး ဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းတက်သင့်သည့် အချိန်တွင် ကျောင်းမတက် ရသည့်ကလေးများအနေဖြင့် ၎င်းတို့၏ဘဝကို များစွာနစ်နာစေသည့်အပြင် ဒေသနှင့် နိုင်ငံတိုးတက်ရေးကိုပါ ထိခိုက်စေကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနာဂတ်အတွက် ကလေးအားလုံးကျောင်းနေပြီး ပညာသင်ကြားနိုင်ရေး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဆရာဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ အားလုံးပူးပေါင်းပြီး လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ အားပေးပံ့ပိုးခြင်း စသည့်နည်းလမ်းများဖြင့် ဝိုင်းဝန်း အကောင်ထည်ဖော် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လာမည့်မတ်လတွင် ပြုလုပ် မည့် KG+12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်လွှာတင်သွင်း ထားသူ ၂ ဒသမ ၂ သိန်းကျော်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က လုပ်ဆောင်လျက်ရှိကြောင်း။

ကျန်းမာရေးကဏ္ဍ

           ကျန်းမာရေးနှင့်ပတ်သက်ပါက ပြည်သူတိုင်း ကျန်းမာရန် အရေးကြီးကြောင်း၊ ကျန်းမာမှသာ ပညာသင်ကြားခြင်းနှင့် လူမှုရေး၊ စီးပွားရေး စသည့်အလုပ်များ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒကိုချမှတ်ပြီး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများအားလုံးတွင် ဆရာဝန်များရှိ စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

သဘာဝဘေးအန္တရာယ်ကဏ္ဍ

           မိမိတို့ မြန်မာနိုင်ငံတွင်ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုများ ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၈ ခုရှိ မြို့နယ် ၁၀၆ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါကြုံတွေ့ခဲ့ရသည့်ရေဘေးသည် ရေဘေးကြုံတွေ့ခဲ့ရသည့် ဒေသများတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ အလွန်ဆိုးရွားသည့် အခြေအနေနှင့် မကြုံတွေ့ခဲ့ဘူးသည်ကို သိရှိရကြောင်း၊ ထိုသို့သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ဆုံးရှုံးမှုများ၊ သေဆုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိကိုယ်တိုင် သဘာဝဘေးဖြစ်ပွားရာနေရာများအထိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ သဘာဝ ဘေးဒဏ်ခံစားနေရသည့် ပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားများပြောကြား ခဲ့ကြောင်း၊ စားသောက်ဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ မိမိအနေဖြင့် ယခုကဲ့သို့ သဘာဝဘေးဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ပြန်လည်တည်ဆောက် ရမည့်အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များကို ထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကြပ်မတ်ဆောင်ရွက် ခဲ့ကြောင်း။

           ထောက်ပံ့ပေးနိုင်မှုများအနေဖြင့် ယခုဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်းတွင် သေဆုံးခဲ့ရသူဦးရေ ၄၄၀ ကျော်အတွက် ကျပ် ၄၄၇ ဒသမ ၁ သန်း ထောက်ပံ့ပေးခဲ့ ကြောင်း၊ လူနေအိမ်ပျက်စီးမှုများအတွက် ကျပ် ၂၁ ဒသမ ၂ ဘီလီယံကျော်နှင့် အခြားထောက်ပံ့ခြင်းများအဖြစ် ကျပ် ၃၈ ဒသမ ၉ ဘီလီယံကျော် ထောက်ပံ့ပေးနိုင်ခဲ့ ကြောင်း၊ ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများ အင်အားစာရင်းကိုလည်း ပြုစုလျက်ရှိပြီး ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားခြင်း ကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက် ထဲတွင် အကျုံးဝင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူ များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့အစိုးရက အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သကဲ့သို့ နိုင်ငံတစ်ဝန်းက အလှူရှင်များ၊ ပြည်တွင်းပြည်ပအဖွဲ့ အစည်းများကလည်း တတ်နိုင်သရွေ့ပါဝင်လှူဒါန်းခဲ့ခြင်းကြောင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ အများပြည်သူများ၏ ပါဝင် လှူဒါန်းမှုကို ကြိုဆိုသည်ကို ပြောကြားလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံသားများ အနေဖြင့် ယခုကဲ့သို့ နိုင်ငံသားအချင်းချင်း သဘာဝဘေးတွေ့ကြုံရချိန်၊ အခက်အခဲများ တွေ့ကြုံနေကြရချိန်တွင် မိမိတို့တတ်နိုင်သလောက် ပါဝင်ကူညီခဲ့ကြြခင်းသည် မိမိတို့ နိုင်ငံသားများအကြားတွင်ရှိနေသည့် ညီရင်းအစ်ကို စိတ်ဓာတ်၊ အမျိုးကိုချစ်သည့် စိတ်ဓာတ်များကို ဖော်ထုတ်ပြသနိုင်ခြင်းဖြစ်ခြင်းကြောင့် မိမိတို့နိုင်ငံအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

           မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန် စတင် ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ကြိုတင်သတ်မှတ်ချက်မထားဘဲ လွတ်လပ်စွာ ပြောဆို ဆွေးနွေးကြရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့်  စတင်ဖွဲ့စည်း ချိန်မှယနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့(၇)ဖွဲ့၊ လက်မှတ်ရေးထိုး ထားခြင်းမရှိသည့် အဖွဲ့(၆)ဖွဲ့တို့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၁၁၄) ကြိမ်ပြုလုပ် ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများနှင့်(၂၁)ကြိမ်၊  ငြိမ်းချမ်းရေးလိုလားသည့် အခြားအဖွဲ့ အစည်းများနှင့် (၁၀)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအရ လာမည့်လွှတ်တော်ကာလများတွင် အချို့ကိစ္စရပ်များကို လွှတ်တော်၌ဆွေးနွေးနိုင်ရေး အတွက် သဘောတူညီမှုဆွေးနွေးချက်များ ရရှိပြီးဖြစ်ကြောင်း၊ သဘောတူညီမှုများ ပိုမိုရရှိစေရေး တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

           ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင်လည်း နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ အခြေခံအဆောက်အဦများ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်း စိမ်များ များစွာ ဆုံးရှုံးခဲ့ရသောကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်း၊ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်မည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန် အတွက် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ပေးထားသည်ကို ပြောကြား လိုကြောင်း။

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး

           တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး လမ်းခင်းပေးခဲ့သကဲ့သို့ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ရွေးကောက်ခံအစိုးရများနှင့် လက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုလိုလားသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက်  ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီ များ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများ ကို ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့် ဥပဒေ များနှင့်အညီ နိုင်ငံရေးပါတီပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ပါတီနှင့် ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၈ ပါတီရှိခြင်းကြောင့် စုစုပေါင်း ၆၈ ပါတီရှိပြီဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း မရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီအနေဖြင့် မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံ ရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင် မှတ်ပုံ တင်ခွင့် တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၈ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲ နိုင်ငံရေးပါတီ ၅၃ ပါတီရှိကြောင်း၊ မိမိအနေ ဖြင့် ဒေသနှင့်တိုင်းရင်းသားများအကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေး အတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်သည်ဟု ခံယူထားသည့်အတွက် ယခုကဲ့သို့ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု စုစုပေါင်း ၁၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုဆိုင်ရာ ကိစ္စရပ်များ၊ ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့်အတွက် ဖြစ်ပေါ်လာတဲ့ လေလွင့်ဆုံးရှုံးသည့်မဲများ မဖြစ်စေရေး မဲများ သူ အနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် မြန်မာနိုင်ငံနှင့် သင့် လျော်ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR)ကို ကျင့်သုံးရေး ရွေးကောက်ပွဲစနစ်ဆိုင်ရာ ပေါင်းစပ်ကျင့်သုံးရေးကိစ္စရပ်များ၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင် အင်အား၊ ပါတီရုံးများ ဖွင့်လှစ်မှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုနှင့် ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်ဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပြီး သဘော တူညီချက်များလည်း ရရှိပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် သဘော တူညီ ချက်များကို ခိုင်ခိုင်မာမာနှင့် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း။

           ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ NLD ပါတီမှ မဲမသမာမှု ပြုလုပ်သူများ အနေဖြင့် မဲစာရင်းများကို ဖောင်းပွအောင်ဖန်တီးပြီး ၎င်းတို့နှင့်သက်ဆိုင်သည့် ရွေးကောက်ခံမဲဆန္ဒနယ် တစ်ခုတည်း၌သာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတရားမဲ့ အနိုင် ရရှိအောင် မဲမသမာမှုပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရှိသည့် မြို့နယ်အားလုံးတွင်  မဲမသမာမှုများအတွက် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များဖြစ်သည်ကို တွေ့ရကြောင်း၊ CEC ဖြစ်သည့်သူ များသည် NLD ပါတီကို ကိုယ်စားပြုသူများပင် ဖြစ်သောကြောင့် မဲမသမာမှုကို ပါတီလိုက် ကျူးလွန်ခဲ့သည်ဟု ယူဆနိုင်ကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ

           မိမိအနေဖြင့် အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပပေးနိုင်ရေး ဘက်ပေါင်းစုံကနေ စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံခြားခရီးစဉ်များ သွားရောက် ချိန်တွင်လည်း နိုင်ငံတကာမှ နိုင်ငံတော်အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံချိန်များတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ချိန်များတွင်လည်း ရွေးကောက်ပွဲတစ်ရပ်ကျင်းပရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ရှင်းလင်းပြောကြားခဲ့သည့်အတွက် နိုင်ငံတကာအနေဖြင့် မိမိတို့ ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ်အပြည့်အဝ အားပေးထောက်ခံ မှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း။

           ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေးအတွက် ပန်းခင်းစီမံချက် ၁ ၊ ၂ ၊ ၃ ကိုချမှတ်ပြီး စုစုပေါင်း ၅,၉၈၀,၆၆၄ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရန်ကျန်ရှိနေသူများကိုလည်း ရွေးကောက်ပွဲကာလမတိုင်မီ အပြီးရရှိအောင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

           ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက်  မြန်မာအီလက် ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်မှုအခြေအနေ

           အထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံသည့်မဲစာရင်းများရရှိရေး သည် အရေးကြီးကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိကောက်ယူခဲ့ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် အချို့ဒေသများကို ရက် တိုးမြှင့် ကောက်ယူခဲ့ရကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံအတွက် အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း မှရရှိလာသည့် အချက်အလက်များအပေါ်မူတည်ပြီး နိုင်ငံအကျိုးအတွက် အရေး ကြီးသည့်စီမံကိန်းများ ဖော်ဆောင်ရန် အသုံးပြုနိုင်ကြောင်း။

           ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှရရှိသည့် ရှေ့ပြေး လူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာ နိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁,၃၁၆,၇၅၆ ဦး (၅၁ ဒသမ ၃ သန်းကျော်) ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရရှိသည့်စာရင်းအရ လူဦးရေ ၃၂,၁၉၁,၄၀၇ ဦး (၃၂ ဒသမ ၁၉ သန်းကျော်)နှင့် စာရင်း မကောက်ယူနိုင်သည့်ဒေသများအတွက် ခန့်မှန်းလူဦးရေ ၁၉,၁၂၅,၃၄၉ ဦး (၁၉ ဒသမ ၁ သန်းကျော်) ပါဝင်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအရ အမျိုးသား ၁၅,၁၀၅,၂၁၅ ဦး (၁၅ သန်း ကျော်)နှင့် အမျိုးသမီး ၁၇,၀၈၆၁,၉၂ ဦး (၁၇ သန်းကျော်)ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း၊ ယခု ရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များအတိုင်း ခိုင်လုံသည့် မဲစာရင်းများအဖြစ် စနစ်တကျ ပြုစုသွားမည်ဖြစ်ကြောင်း။

           မိမိတို့နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ် လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း ၃ ချက်ကြောင့် ဖြစ်နိုင် ကြောင်း၊ မိမိတို့နိုင်ငံ၏ အကျယ်အဝန်းနှင့် ယခုကောက်ယူရရှိသည့် လူဦးရေစာရင်းကို နှိုင်းယှဉ်ကြည့်ပါက လူဦးရေနည်းပါးသည်ဟု ယူဆရမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် ထိုက်သင့်သည့်လူဦးရေနှင့် နှစ်အလိုက်ထိုက်သင့်သည့် လူဦးရေ တိုးတက်မှုနှုန်းရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ကလေးမွေးဖွားနှုန်း မြင့်မားလာရန်နှင့် သေဆုံးနှုန်းကျဆင်းစေရန် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးမြှင့်ထောက်ပံ့ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း ခြင်းနှင့်ပတ်သက်၍လည်း နိုင်ငံတော်၏စီးပွားရေးအခြေအနေများ၊ နိုင်ငံရေးအခြေ အနေများဲ့  တည်ငြိမ်မှုနှင့် တိုးတက်ကောင်းမွန်မှုရှိအောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ရှိသင့်ရှိထိုက်သည့်လူဦးရေ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံနှင့် ကိုက်ညီသည့် လူဦးရေမူဝါဒများကို ဆက်လက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး

           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ဒေသအလိုက် လုံခြုံရေးအခြေအနေ အပေါ်မူတည်ပြီး ကျင်းပပြုလုပ်ပေးသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း မဲစာရင်းများမှန်ကန်ရန်၊ လွတ်လပ်ပြီး တရား မျှတမှုအပြည့်ရှိသည့်၊ ပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲဖြစ်ရန်၊ နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာအကဲခတ်ရေးကိုယ်စားလှယ်အဖွဲ့များကိုဖိတ်ခေါ်ပြီး လာရောက် ကြည့်ရှုလေ့လာနိုင်စေရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပေးပြီး ပေါ်ပေါက် လာသည့် လွှတ်တော်အတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အတွက်လည်း အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို တိုင်းရင်းသားများကို ကိုယ်စားပြုနိုင်သည့် မဲဆန္ဒနေရာများ၊ အဖွဲ့အစည်းများတွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

           ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘော ထားကို လွတ်လပ်စွာ ထုတ်ဖော်ပြသခြင်းပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအား လုံးမဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ခံယူချက်အရသာဖြစ်ကြောင်း၊ ဆန္ဒမဲပေးချိန်တွင် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှုစသည့် မတရားမှုများ ကင်းဝေးအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေအရနှင့် လူထုသဘောထားအမြင်အရ ပြည့်စုံကောင်းမွန်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရန်နှင့် သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်ရန် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အထွေထွေ ရွေးကောက် ပွဲသည် ပြည်သူအများစု၏အမြင်ကို ထင်ဟပ်ပေါ်လွင်စေသည့် ရွေးကောက်ပွဲဖြစ်ရန် လိုကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျင်မြန်စွာရောက်ရှိရန်အတွက် ရပ်ရွာဒေသ အလိုက် တည်ငြိမ်အေးချမ်းမှု ရှိရန်လိုကြောင်း၊ ထို့ကြောင့် လက်ရှိဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးစနစ်ကို အောင်မြင်အောင် ပြည်သူလူထုနှင့် ပူးပေါင်းပြီး အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

           မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့ရသည့် ဖြစ်စဉ်များ အရ နိုင်ငံတစ်ခု၏ စနစ်တစ်ခုမှတစ်ခု ကူးပြောင်းမှုကို ဆောင်ရွက်ရာတွင် အဆိုပါနိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှု နှင့် အချိန်အခါတို့အပေါ်မူတည်ပြီး  မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်စနစ်ကို ချဉ်းကပ် လျှောက်လှမ်းကြရမည်ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထိုသို့မဟုတ်ဘဲ နိုင်ငံ တကာက သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း သို့မဟုတ် အင်အားကြီးနိုင်ငံများ၏ ဖိအားပေးစေခိုင်းမှုများအတိုင်း လိုက်ပါဆောင်ရွက်ခဲ့ပါက တည်ငြိမ်မှုကို ပိုမိုဆိုးရွား သွားစေနိုင်ကြောင်း၊ ဥပမာအနေဖြင့် အချို့သောနိုင်ငံများသည် ၎င်းတို့နိုင်ငံနှင့် မကိုက်ညီသည့်စနစ်ကို အတင်းသွတ်သွင်းမှုများ၊ အထွေထွေရွေးကောက်ပွဲကို ဖိအား များကြောင့် အဆောတလျင် ကျင်းပခဲ့မှုများကြောင့် ယနေ့အချိန်အထိ နိုင်ငံရေး တည် ငြိမ်မှုမရသေးဘဲ အကြပ်အတည်းမျိုးစုံကြားတွင် ရုန်းကန်နေကြရသည်ကို တွေ့ရ ကြောင်း၊ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးအခြေအနေကို အဆိုပါနိုင်ငံတွင် နေထိုင်ကြ သည့် ပြည်သူများကသာ အသိဆုံးဖြစ်ကြောင်း၊ လက်ရှိမိမိတို့နိုင်ငံတွင် လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု ဖြစ်ခဲ့ပြီး မိမိအနေဖြင့် ပြည်သူများလိုလားချက်အတိုင်း နိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံ့အရေးကို မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးအခြေအနေ များကို  နိုင်ငံတကာဖိအားနှင့် အခြားဖိအားများထက် မိမိတို့ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပြည်တွင်းရေးအခြေအနေများအပေါ်တွင်သာ အဓိကဦးတည်ပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြောင့် ဖြစ်ပေါ်လာသည့် ဒီမိုကရေစီလမ်းကြောင်း ပျက်ယွင်းမှုကို ပြန်လည်တည့်မတ် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ကြိုးပမ်းရာတွင် နိုင်ငံရေး ကြောင့်ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းရန် မကြိုးစား သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ် တို့ဖြင့် လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကိုသာ ရွေးချယ်ခဲ့ခြင်း ကြောင့် ယနေ့နိုင်ငံတော်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို ဦးတည် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ၏ လုံခြုံရေးကဏ္ဍကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့အားလုံး ရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးသည် စိန်ခေါ်မှုများစွာ ရှိနေသေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည်ကိုတွေ့ရ ကြောင်း၊ ထို့ကြောင့် အထက်ပါလုပ်ဆောင်ရန် လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်း ဆောင်ခွင့်ကိုထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် တင်ပြအပ်ကြောင်းဖြင့် ပြောကြားသည်။

           ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် အဘက်ဘက်မှအသင့်ဖြစ်စေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ကို သိရှိရပြီး မဲစာရင်းများပြည့်စုံမှန်ကန်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအပြင် မဲဆန္ဒရှင်များပြုစုရာတွင် မဲရုံအလိုက် ပြုစုပြီး မဲရုံအလိုက်မဲပေးနိုင်ရေး အသေးစိတ်ပြုစုရကြောင်း၊ မဲဆန္ဒရှင်များ အစီအစဉ် တကျ မဲပေးနိုင်ရေးအတွက်ကိုလည်း စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုကဲ့သို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသည် များပြားလှ သည်ဖြစ်သည့်အတွက် အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေမှစ၍ သက်တမ်း ၆ လတိုး မြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

           ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အန္နိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ဆက်စပ်၍ လုံခြုံရေးသည် အဓိကကျသည့်အချက်ဖြစ်ပြီး ပြီးခဲ့သည့် ၆ လတာကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့၌ ဖြစ်ပေါ်နေသည့်အခြေအနေများကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌သာမက မြို့ပေါ်များ၌လည်း  တည်ငြိမ်အေးချမ်းရန် လိုအပ်မည်ဖြစ်သဖြင့် ပြည်သူ့လုံခြုံရေးစနစ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှု ရရှိအောင်ဆက်လက်ဆောင်ရွက်သွားရန် အချိန်လိုအပ်မည်ဖြစ်သဖြင့် သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

           ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက လက်ရှိအချိန်တွင်  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ဆဲ ကာလဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် နိုင်ငံအတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိရန်လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ပြင်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်း စဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးပေါ် ကာလအား သက်တမ်းတိုးမြှင့်ခြင်းကို သဘောတူထောက်ခံပါကြောင်းဖြင့် ဆွေးနွေး တင်ပြသည်။

           ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံ့ ဝန်ထမ်းနှင့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ရဟန်း၊ သံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ သေဆုံးဒဏ်ရာရရှိမှု၊ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိမှုများ၊ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်မှုများအား ရှင်းလင်း တင်ပြပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာ ရေး တို့တွင် သာမာန်အခြေအနေမဟုတ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား သက်တမ်း ထပ်မံတိုးမြှင့်ခြင်းကို ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

           ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးနှင့် သံတမန်ဆက်ဆံမှုများရှိပြီး စစ်ဘက်၊ အရပ်ဘက် ဆက်ဆံမှုများကောင်းမွန်ခိုင်မာမှုရှိစေရေးဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် နိုင်ငံတကာ ဆက်ဆံရေးနှင့် စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာ့ အရေးကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်အစီအစဉ်(Myanmar Way)ဖြင့် ဆောင်ရွက်ရမည်ကို နိုင်ငံတကာမှအသိမှတ်ပြု လက်ခံလာသည်ကိုတွေ့ရှိရမှု၊ မိမိတို့ နိုင်ငံနှင့်ထိတွေ့ဆက်ဆံလျက်ရှိသည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတ စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အပြုသဘောအမြင်ဖြင့် ထောက်ခံမှုရှိလာသည်ကို သိရှိရမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး အချိန် ကာလလိုအပ်မည်ဖြစ်သည့်အတွက် အရေးပေါ်ကာလအား သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေးသည်။

           ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများ စသည့် ကဏ္ဍအသီးသီးတွင် တိုးတက်ဖြစ်ထွန်းမှုများ များစွာရရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ယခုကဲ့သို့ရရှိပြီးသည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းဖော်ဆောင်နိုင် ရန်နှင့် နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အချိန်ယူဆောင် ရွက်ရန်လိုအပ်လျက်ရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလကို ၆ လ သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြဆွေးနွေးသည်။

           ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေဆဲ လုပ်ငန်းများတွင် လုပ်ငန်းအခြေအနေများအရ နိုင်ငံရေးအခြေအနေအရ အရေးပေါ် ကာလထပ်မံသက်တမ်းတိုးရန်အတွက် တစ်ညီတစ်ညွတ်တည်း ထောက်ခံဆွေးနွေး သဘောတူညီသောကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁ – ၂ -၂၀၂၅ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို ကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)ကို ရုပ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။