နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး နှင့် မဟာဂန္ဓရုံကျောင်းတိုက်ဆရာတော်ကြီးတို့၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်၊ ရွှေကျီးမြင်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ – ၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာမှ ကျန်းမာရေးအခြေအနေပြန်လည် ကောင်းမွန်လာခဲ့ပြီဖြစ်သဖြင့် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး ၌ ပြန်လည် သီတင်းသုံးတော်မူလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကို မေးမြန်းရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရာတွင် အခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကိုအချိန်နှင့် တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကိုယ်လက် လှုပ်ရှားမှုများကိုလည်း မပြတ်ဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို အလေးထားမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းပြီး ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးမြို့တောင်ဘက်၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ ရောက်ရှိကြပြီး မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒေါဘာသာဘိဝံသ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိသက်တော်ရှည်ဆရာတော်ကြီးအားဖူးမြော်ကြည်ညိုသည်။ ထို့နောက် ဆရာတော် ကြီး၏ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အလေးထားဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြကာ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးမြို့ရှိ ရွှေကျီးမြင်ဘုရားသို့ရောက်ရှိကြပြီး ရှေးမြန်မာ မင်းမြတ်တို့ထီးနန်းစဉ်ဆက်ကိုးကွယ်တော်မူခဲ့သည့် မြန်မာပြည်အရပ်ရပ်မှ ဆုတောင်း ပြည့်ဆင်းတုတော်များ ကိန်းဝပ်စံပ္ပါယ်တော်မူရာ လှိုဏ်ဂူတော်အတွင်းရှိ ရွှေကျီးမြင် ရုပ်ပွားတော် အပါအဝင် အညာသီဟတောဘုရား၊ ရွှေကွန်အုပ်ဘုရား၊ မြသိန်းတန်မြတ် စွာဘုရား၊ ရွှေလင်းပင်ဘုရားနှင့် အခြား မြတ်စွာဘုရား၏ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က ဘုရားကြီးအတွက် စုပေါင်းဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်း ရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ က လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က  လှိုဏ်ဂူတော်အတွင်းထုဆစ်ပုံဖော်ထားရှိသည့် မြန်မာရိုးရာအနုသုခုမ အမွေအနှစ်များ အား စနစ်တကျထိန်းသိမ်းသွားရန်၊ ဘုရားဖူးလာ မိဘပြည်သူများ စည်းကမ်းရှိစွာဖြင့် ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများ အား မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရွှေကျီးမြင်ဘုရား ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော် ပြီး ရွှေကျီးမြင်ဘုရားအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေကျီးမြင်ဘုရား ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် သာသနိက အမွေအနှစ်များကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြပြီး တာဝန်ရှိသူများကို လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။