နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် – ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရ အဖွဲ့ အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တွေ့ဆုံပွဲပြုလုပ်မည့် ရုရှားအစိုးရအဖွဲ့အိမ်တော်သို့ ရောက်ရှိလာရာ ရုရှားဖက်ဒရေး ရှင်း နိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် ကကြိုဆိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ ပြီး တွေ့ဆုံပွဲကိုကျင်းပပြုလုပ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆို်ငရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)နှင့် တာဝန်ရှိသူများ ရုရှားအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ရုရှား အစိုးရ အဖွဲ့မှဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီချုပ် ယခုကဲ့သို့ မိမိတို့နိုင်ငံ သို့ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုအတွက်များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကလုပ်ဖော်ကိုင်ဘက် မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပါကြောင်းနှင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုမှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေမည် ဖြစ်ကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားဦးစွာပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့တွေ့ဆုံရသည့် မိမိအနေဖြင့်ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံသံတမန် ဆက်ဆံမှုသည် (၇၇)နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိကြောင်း နှင့် မိမိနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ချစ်ခင်ရင်းနှီးစွာဖြင့်ကြိုဆိုနှုတ်ဆက်မှု အတွက် လည်းကျေးဇူးတင်ရှိကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန် ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တွင် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနှင့် ဂြိုလ်တု နည်း ပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံစေရေးဖိတ်ခေါ်မှုများ၊ နှစ်နိုင်ငံအကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အစိုးရအဖွဲ့အဆင့်မြင့် အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။