နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် – ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် ရုရှားဖက်ဒရယ်ကောင်စီ လွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖယ်ဒရယ် ကောင်စီလွှတ်တော် အဆောက်အဦသို့ရောက်ရှိကြရာ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ကရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဖက်ဒရယ်ကောင်စီလွှတ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေး ထိုးသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား  ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌက ဖက်ဒရယ်ကောင်စီလွှတ်တော်မှ တာဝန် ရှိသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေး သည်။

ထို့နောက် ဖက်ဒရယ်ကောင်စီလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲကို ကျင်းပပြလုပ်၍ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊  နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုအခြေအနေများ၊ လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင် ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေနေများ၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲ ကျင်းပချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်မှ လေ့လာရေး အဖွဲ့များစေလွှတ်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ လွှတ်တော်ပြန်လည် ဖွဲ့စည်းပြီးချိန်၌ လွှတ်တော်နှစ်ရပ်အကြားဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွား မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်ဦးနှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဖက်ဒရယ်ကောင်စီမှတာဝန် ရှိသူများတက်ရောက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။