နေပြည်တော်၊ မတ် – ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ က ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေး လက်ထောက်အရာရှိ၊ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ယခုနိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ ယခုခရီးစဉ် အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက်ပိုမိုတိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မော်စကို မြို့တွင်တွေ့ဆုံမှုအတွက်ဝမ်းမြောက်ကြောင်းကို မိမိအနေဖြင့် ထပ်မံပြောကြားလို ပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကယခုကဲ့သို့ရုရှားနိုင်ငံ၏ အထင်ကရဖြစ်သည့် ကရင်မလင်နန်းတော်၌ အဆွေ တော်နှင့် ပြန်လည်တွေ့ဆုံရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊(၇) ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ပြီးယခုအခါ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပါကြောင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံ ပြောကြားလို ပါကြောင်းပြောကြားသည်။
ထို့နောက်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကကွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက် သည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အာကာသသိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးက္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေး ကြသည်။ ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့ က လိုအပ်သည်များဖြည့်စွက်ဆွေး နွေးခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည် မှု စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက် အခွန်ဆိုင်ရာကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန် လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်ခြင်းစာချွန်လွှာများ၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီး ယားနှင့် ဓာတ်ရောင်ခြည်ဘေး အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ် သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာများ၊ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေး နှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံ အကြား ရင်းနီးမြှပ်နှံမှုများမြှင့်တင်ရေး နှင့်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ ညီချက်စာချုပ်(မူကြမ်း)အပေါ်ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးမြောက် ခြင်းနှင့်စပ် လျဉ်း၍ ပူးတွဲကြေညာချက်တို့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဘက်မှ သက်ဆို်ငရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့ရှေ့ မှောက်၌ အသီးသီးလက်မှတ် ရေးထိုးလဲလှယ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက် များကို အပြန်အလှန်ပြောကြားခဲ့ကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန် အလှန်ပြောကြားမှုများကို သီးခြားဖော်ပြသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။