နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသား အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် – ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများ အား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီးဦးသစ်လင်းအုန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော် သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်းတန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ထိုသို့ပြောကြားရာတွင် မိမိဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ပြီး သာမန် ချစ်ကြည်ရေးခရီးစဉ်ထက်ပိုမိုလေးနက်သည့် ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ အပါအဝင် ရုရှားနိုင်ငံဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးတို့ဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ လည်း ကောင်စစ်ဝန်ချုပ်ရုံးများဖွင့်လှစ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုများတွင် စစ်ဘက်၊ အရပ်ဘက် ပညာသင်ကြားရေး ကိစ္စရပ်များလည်း ပါဝင်ကြောင်း။

ပညာတော်သင်များစေလွှတ်ရာတွင် သာမန်ထက်ထူးချွန်သည့် သူများကို ရွေးချယ်၍ ပညာတော်သင်များစေလွှတ်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကားတတ်မြောက်ရေးအတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှား နိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်ခေါင်းဆောင် များ၏ အမျှော်အမြင်ကြီးမားစွာဖြင့်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအတွက် လိုအပ်သည့် တန်ဖိုးမဖြတ်နိုင်သောလူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်ကိုတန်ဖိုးထား စေချင်ကြောင်း၊ နိုင်ငံအတွက်လိုအပ်ချက်များရှိခြင်းကြောင့် ပညာတော်သင်များ စေလွှတ် ခြင်းဖြစ်ကြောင်း၊ မိမိတို့သည်ရွေးချယ်ခံရသည့် ထူးချွန်သူများဖြစ်သည် နှင့်အညီ ဆက်လက်၍လည်းကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း။

ဘွဲ့လွန်ပညာများသင်ကြားရာတွင် အချိန်နှင့်ငွေကြေးများ စိုက်ထုတ်သုံးစွဲ ရကြောင်း၊ မိမိကိုယ်တိုင်ကုန်ကျရခြင်းများရှိသကဲ့သို့ နိုင်ငံတော်မှငွေကြေး ကုန်ကျ ရခြင်းများ လည်းရှိကြောင်း၊ မိမိတို့၏အချိန်၊ ငွေကြေးနှင့် လုပ်အားများ ပေးဆပ်ထား ရခြင်းကြောင့် ပညာသင်ကြားမှုများမထိခိုက်အောင် ဆောင်ရွက်ကြရန်နှင့် သာမန် ထက်ထူးချွန်သည့် သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထူးချွန် ထက်မြက်သည့် ထိုက်တန်သောဘွဲ့ရပညာတတ်များ ဖြစ်ကြစေလိုကြောင်း၊ ထူးချွန် စွာဆောင်ရွက်နိုင်မည်ဆိုပါက “ သားရွှေအိုးထမ်းလာသည်” ဆိုသကဲ့သို့ နိုင်ငံတော် အတွက် အကျိုးခံစားရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်နေသေး ကြောင်း၊  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်ကြောင်း၊ ကျောင်းနေအရွယ်တွင် ဆရာ၊ ဆရာမများ၏ သွန်သင် ဆုံးမမှုများသည် လူတစ်ဦးအတွက် စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် အသိပညာ၊ အတတ်ပညာများတွင် ပညာရေးအားနည်းသူများထက် ပိုမိုသာလွန်သည် ကိုတွေ့ရကြောင်း၊ နိုင်ငံသားအားလုံး ပညာတတ်များဖြစ်ရန်လိုကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်မြင့်မားစေရေးအတွက် KG + 9 ထိ ပညာသင်ကြားနိုင်ရေး အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်နိုင်ငံ၏ ပညာရေး စနစ်၊ ဥရောပနိုင်ငံများ၏ ပညာရေးစနစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ ပညာ ရေးစနစ်ကိုလေ့လာ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့်ကဏ္ဍများကို ဆောင်ရွက် ပေးကြစေလိုကြောင်း။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်အထိ ရောက်ရှိနေပြီဖြစ် ကြောင်း၊ နိုင်ငံတိုင်းသည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ နောက်ကျမကျန်နေစေရေး မိမိတို့အနေ ဖြင့်  ကြိုးပမ်းအားထုတ်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် နည်း ပညာများတိုးတက်စေရေး ကြိုးပမ်းသင်ယူကြရန်လိုကြောင်း၊ အလားတူ AI နှင့် ပတ်သက်၍ လည်း စဉ်ဆက်မပြတ်လေ့လာနေရန်လိုကြောင်း၊ အကောင်းဘက် ကိုဦးတည်သည့် AI နည်းပညာများကိုလေ့လာသင်ယူကြရန်လိုကြောင်း။

ပညာတော်သင်အရာရှိများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရန်လို ကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်အတွက် မိမိတို့၏အသက်ကို ပေးဆပ် မည်ဟု သစ္စာဆို၍ဝင်လာသူများဖြစ်သဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကိုထိခိုက် စေနိုင် သည့် ကိစ္စရပ်များဆောင်ရွက်ခြင်းမပြုမိအောင် စောင့်ထိန်းရန်လိုကြောင်း၊ နိုင်ငံတော် နှင့်တပ်မတော်အပေါ်သစ္စာရှိရှိဖြင့် ခံယူချက်ရှိစွာဖြင့်  ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက်လည်း ပါတီနိုင်ငံရေးများကင်းရှင်းကြရန် လိုကြောင်း။

စာပေများဖတ်ရှုလေ့လာမှုမှရရှိသည့် အသိပညာအတွေ့အကြုံများသည် မိမိ ၏ အလုပ်၊ မိမိ၏ ဌာန၊ မိမိ၏ နိုင်ငံအတွက်အထောက်အကူရအောင် ရည်မှန်းချက် ထားစေချင်ကြောင်း၊ နေပြည်တော်တွင်တည်ထားကိုးကွယ်သည့် ကမ္ဘာပေါ်ရှိကျောက် ဆစ်ရုပ်ပွားတော်မြတ်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် အင်္ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များပါဝင်ကြောင်း၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်များကိုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာ ရပ်များအလိုက် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် လူငယ်အရာရှိများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းမှာကြားလိုကြောင်း။

ရုရှားဘာသာရပ်နှင့်ပတ်သက်၍ အသုံးချခြင်းအားဖြင့် ရုရှား-မြန်မာ ချစ်ကြည် ရေးကိုတိုးတက်စေရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစိုးရခေတ် အဆက်ဆက်တွင် ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံဘက်မှထောက်ခံရပ်တည်ပေးခဲ့ သကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေး လျက် ရှိ ကြောင်း၊ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ မိမိတို့ကိုယ်တိုင်သစ္စာရှိရန်၊ မိမိအဖွဲ့အစည်းအပေါ်သစ္စာရှိရန်နှင့် နိုင်ငံ တော်အပေါ်သစ္စာရှိရန်အလေးထားမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည်  သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။