နေပြည်တော်၊ မတ် – ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြား ချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်အတွင်း ဘီလာရုစ် သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ ဘီလာရုစ် နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ဝင်အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွား မည်ဖြစ်ကြောင်းသိရှိရသည်။