နေပြည်တော်၊ မတ် – ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၁ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြ သည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုလာရောက်ခဲ့သည့် ခရီးစဉ်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်အပါအဝင် ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန် သည့် ရလဒ်များရရှိခဲ့သည့်အတွက် အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်း။
ရုရှား-မြန်မာ သံတမန်ဆက်ဆံမှုသည် နှစ်ပေါင်း (၇၇) နှစ်ပြည့်မြောက်ကျော် လွန်လာခဲ့ပြီဖြစ်ပြီး ရှည်လျားသည့် သမိုင်းကြောင်းများရှိကြောင်း၊ ရှေးယခင်အဆက် ဆက်ကတည်းကကောင်းမွန်သည့် သံတမန်ဆက်ဆံမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးခဲ့မှုများရှိ ခဲ့ကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စတင်တာဝန်ထမ်းဆောင် စဉ်မှ စ၍ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးများလာရောက်ခဲ့ပြီး ယခုအခါ ၁၁ ကြိမ် မြောက်ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း။
ယခင်ကာလများကတည်းက ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့တပ်မတော် မှအရာရှိများကို ရုရှားနိုင်ငံတွင် ပညာတော်သင်များအဖြစ် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ယခုအချိန်အထိလည်း နှစ်စဉ်တက်ရောက်ပညာသင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံ တော်နှင့် တပ်မတော်အတွက် လိုအပ်သည့် တန်ဖိုးရှိသောလူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော် အဆင့်မြှင့်တင်ရေးအတွက်လည်း ရုရှားနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်များလည်းရှိကြောင်း။
ရုရှားနိုင်ငံတွင်ပညာသင်ကြားခဲ့သည့် တပ်မတော်သားအရာရှိများမှ အချို့သည် အရပ်ဘက်တာဝန်များတွင် အဆင့်မြင့်နေရာများအထိထမ်းဆောင်နေကြပြီဖြစ် သဖြင့် နိုင်ငံအတွက် များစွာအကျိုးရှိကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးကိစ္စရပ် များတွင် အထောက်အကူဖြစ်စေရေး သံရုံး၊ စစ်သံရုံးမိသားစုများက ဝိုင်းဝန်းဆောင် ရွက်ပေးကြစေလိုကြောင်း။
ရုရှားနိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှအမြဲရပ်တည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယူကရိန်းပဋိပက္ခမှာ ရုရှားနိုင်ငံကို တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်၍ ပြိုကွဲထိခိုက်စေမည့် ကိစ္စရပ်များကို နိုင်ငံအချို့က ဆောင်ရွက် ခဲ့ခြင်းကြောင့် စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ အနောက်အုပ်စုအနေဖြင့် ရုရှား နိုင်ငံပြိုကွဲစေရေး စွက်ဖက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း ဆိုဗီယက် ပြည်ထောင်စုပြိုကွဲစေရေး အနောက်နိုင်ငံများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံတကာ အခြေအနေမှာအချိန်နှင့်အမျှ ပြောင်းလဲမှုများရှိ နေကြောင်း။
ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်အတွက် အခွင့်အလမ်းရရှိနိုင်သည့် ကိစ္စရပ်များ ကို ဆောင်ရွက်နိုင်ရေး နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စရပ်များကို နားစွန့်ပြီး ဖတ်ရှု လေ့လာမှတ်သားဆောင်ရွက်ကြစေလိုကြောင်း၊ ရုရှား-မြန်မာကုန်သွယ်မှုများကို ယခု ထက်ပိုမိုတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုဗိုစီဗစ်မြို့ကို အခြေခံ၍ ကုန်သွယ်မှုများတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ မှအရည်အသွေးမီသည့် ထုတ်ကုန်ပစ္စည်းများကို တင်ပို့နိုင်ရေးဆောင်ရွက်ရန်လို ကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းများ ရှိပြီးဖြစ်သဖြင့် ကုန်သွယ်မှုကဏ္ဍကိုမြှင့်တင်နိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း။
သံရုံး၊ စစ်သံရုံးတို့တွင်တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိတို့အားလပ်နေ သည့်အချိန်များကို စာအုပ်စာပေများဖတ်ရှုလေ့လာခြင်း၊ ဘသာစကားများ လေ့လာ ခြင်းများကိုဆောင်ရွက်သွားမည်ဆိုပါက မိမိတို့အတွက် အကျိုးများစွာရှိမည်ဖြစ် ကြောင်း၊ အထူးသဖြင့် ရုရှားစာပေနှင့် ဘာသာစကားများကိုလေ့လာကြရန်လိုကြောင်း၊ သံရုံး၊ စစ်သံရုံး အသိုင်းဝိုင်းများအတွင်း စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းဖြင့် နေထိုင်ကြရန်လိုကြောင်း။
မိမိအနေဖြင့် ရုရှားနိုင်ငံတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် မော်စကို ထေရဝါရဗုဒ္ဓစင်တာကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်သံဃာတော် များအတွက်လိုအပ်သည်များကိုလည်းတတ်နိုင်သမျှဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေး ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချု်ပရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သံရုံး၊ စစ်သံရုံး မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရာ သံအမတ်ကြီးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ)တို့က လက်ခံရယူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ သံအမတ် ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရုရှားဖက်ဒရှေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။