မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဖြည့်စွက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် – ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia –  Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အား ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ Business Hall ၌ကျင်းပပြုလုပ်သည်။

အဆိုပါ မြန်မာ-ရုရှား စီးပွားရေးဖိုရမ်အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Reshetnikov ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက် ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး တို့က အဖွင့်အမှာစကားများအသီးသီးပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်း ချုပ်(UMFCCI) ဥက္ကဋ္ဌ က “မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း ဆိုင်ရာအကျဉ်းချုပ်” ကိုပြောကြားပြီး တက်ရောက်လာကြသည် နှစ်နိုင်ငံမှ ကိုယ်စား လှယ်များက ခေါင်းစဉ်များအလိုက် အကျဉ်းချုပ်ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ယင်းနောက် မြန်မာနိုင်ငံတွင် ရုရှား MIR Card များလက်ခံသုံးစွဲနိုင် ရေး ဆောင်ရွက်မှုလုပ်ငန်း အခြေအနေများ Video Clip ကိုကြည့်ရှုကြပြီး ဖိုရမ်အား ခေတ္တရပ်နားလိုက်သည်။

ယင်းနောက်နေ့လယ်ပိုင်းတွင် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အားဆက်လက် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက် အမှာစကားပြောကြားရာတွင် အထူးသဖြင့်ယခုလအတွင်း ပဉ္စမအကြိမ် မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေး၊ မျက်နှာစုံ ညီ အစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် အောင်မြင်စွာဖြင့်လက်ခံကျင်းပနိုင်ခဲ့ခြင်းဖြစ် ကြောင်း။

အဆိုပါကော်မရှင်အစည်းအဝေးမှနေ၍ ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေ မူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး နှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊ သတင်း အချက်အလက်၊ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုး မြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း။

အထူးသဖြင့် မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ်ထားဝယ်အထူး စီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် မှုကို ခြေလှမ်းသစ်စတင်နိုင်တဲ့အတွက် များစွာအားရကျေနပ်မိပါကြောင်း။

မိမိတို့ဘက်ကလည်း ခိုင်မာအားကောင်းသည့် ဥပဒေမူဘောင်များ ချမှတ်ထား ခြင်းနှင့်အတူ ယနေ့အခမ်းအနား၏ ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင် ရေးအတွက် သက်ဆိုင်ရာဋ္ဌာနများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်း ကြောင့်သဘောတူစာချုပ်ကို မကြာခင်မှာလက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါ တယ်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပြည်တွင်းနှင့်ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေးစင်္ကြန်လမ်းများတစ်လျှောက် လိုအပ်သည့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာနှင့်အတူ အဆွေတော်တို့ကို ဖိတ်ခေါ်ချင်ပါတယ်။

ယနေ့ကျင်းပပြုလုပ်သည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကလုပ်ငန်းရှင်းများနှင့် တွေ့ဆုံသည့်အခမ်းအနားတွင် လည်း နှစ်နိုင်ငံအကြားအစိုးရချင်းသာမက နှစ်နိုင်ငံပုဂ္ဂလိက ကဏ္ဍအချင်းချင်းအကြား ဆက်သွယ်မှုကွန်ယက်ကို ပိုမိုတိုးချဲ့နိုင်မှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့် အခွင့် အလမ်းများရရှိခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ အထူးသဖြင့် တည်နေရာအနေအထား အရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အနည်းငယ်ဝေးကွာသည့်နေရာတွင် တည်ရှိ သော်လည်း ယနေ့အခမ်းအနားမှ စီးပွားရေးဆိုင်ရာနယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်ဖော်ဆောင်လာနိုင်မယ်လို့ယုံကြည်ပါတယ်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကနဦးအနေဖြင့် ရင်းနှီး မြှုပ်နှံမှုပြုလုပ်သည်ကို တွေ့ရသည့်အတွက် များစွာဝမ်းမြောက်ရကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမှတစ် ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြု အဆင့်မြင့်နည်းပညာလွှဲပြောင်းမှုအပိုင်းနှင့် စပ်လျဉ်း ၍ အလေးထားပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်ခဲ့ ကြောင်း။

ထို့အပြင် စက်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင်လည်း နည်းပညာအသစ်များ ဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည်ကိုတွေ့ရ ကြောင်း၊ အခြေခံအဆောက်အအုံ ကဏ္ဍပိုင်းတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် အညီ တောင်းတန်းကုန်းမြင့်များနှင့် ရှည်လျားလှသည့်ကမ်းရိုးတန်းတစ်လျှောက်တွင် ဂေဟ စနစ်ကိုထိခိုက်မှုမရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းများ အထူးသဖြင့် လေစွမ်းအင်၊ နေစွမ်းအင် ၊ ရေအားလျှပ်စစ်တို့ကို ထုတ်ယူနိုင်မည့်စီမံကိန်းများကို မကြာမီကာလ အတွင်း အဆွေတော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်နေဖြင့် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများကို အစပြုချိတ်ဆက်ထားနိုင်ပြီဖြစ်သဖြင့် ကုန်သွယ်မှုကို ယခင်က ထက်လွယ်ကူချောမွေ့စွာမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ဒစ်ဂျစ် တယ်တိုးတက်မှုတွင် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲတွင် ပါဝင်သည့်အတွက် သတင်း အချက်အလက်နည်းပညာနှင့်ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦ ကဏ္ဍ တိုးတက်မှု ကိုလည်း အဆွေတော်တို့နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ယင်းနှင့်ဆက်စပ်၍  ယခင်ကတည်းက တိုးတက်ရန်လိုအပ်နေသေးသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန် ဆောင်မှုနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် ရုရှားနိုင်ငံနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက် သွား လိုပါတယ်၊ မြန်မာနိုင်ငံအတွက်နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်မှာ  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် လူ့ စွမ်းအားအရင်းအမြစ်များကို မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်ဖို့ပဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်ရန် အထူးစိတ်ဝင် စားသည့် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် လုပ်ကိုင်နိုင်သည့် မြန်မာနိုင်ငံ၏ လူသားအရင်း အမြစ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များ စီစဉ်ထားရှိသည်ကို သိရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အကြားတွင် လုပ်သာကိုင်သာရှိမည့် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးနှင့် အလုပ် အကိုင်များရရှိနိုင်အောင် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ထပ်လောင်းပြောကြားလို ကြောင်း။

မဝေးတော့သည့်အနာဂတ်တွင် နှစ်နိုင်ငံအကြားတန်းတူညီမျှသည့် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်နိုင်မည့် နည်းလမ်းများကို အတူတကွ ကြိုးပမ်းဆောင်ရွက်ရင်း ဘုံတူညီသည့် အကျိုးစီးပွားများကို ဖော်ဆောင်နိုင်မည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဆက်လက်ပြောကြားရာတွင် —–

နံပါတ်(၁) အချက်ကတော့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာ့မြောက်ခြမ်း မှာ အရှေ့နဲ့အနောက်ကို ရှည်လျားစွာ အရှေ့ကဆိုရင်လည်း အာရှဒေသကနေ အနောက်ဘက် ဥရောပဒေသအထိ ကျယ်ပြန့်စွာ ရှိနေတဲ့ မဟာအင်အားကြီးနိုင်ငံ တစ်ခုဖြစ်ပါတယ်။ ပထဝီအနေအထားကလည်း အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံတကာကနေ စိတ်ဝင်စားမှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရုရှားနိုင်ငံရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေကို တိုက်ခိုက်နေပါစေ ရုရှားနိုင်ငံရဲ့ ကြွယ်ဝ ချမ်းသာမှုနဲ့ နည်းပညာတွေကိုတော့ ဘယ်လိုမှ သူတို့နှိမ်နင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကြွယ်ဝမှုနဲ့ နည်းပညာတွေကို ကျွန်တော်တို့ အာရှဒေသမှာ လာရောက်ဖြန့်ကျက်ပြီး ဆောင်ရွက်စေလိုတယ်။ ဒီအခွင့်အရေးကို မြန်မာနိုင်ငံက ခင်ဗျားတို့ကို ကျွန်တော်ပေးချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချ စွာနဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ မလုပ် ခင်မှာ မြန်မာနိုင်ငံ အခြေအနေကို လာကြည့်ပါ။ ဒီမှာလာတဲ့ မြန်မာနိုင်ငံက ပါလာ တဲ့ အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးလာတဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကို ခင်ဗျားတို့လာမယ်ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ပကတိ အခြေအနေကို လည်း ဒီထက်ပိုပြီးသိရှိမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်တဲ့အခါမှာလဲ ခင်များတို့က စီးပွားရေးလုပ်တယ်ဆိုတာ ဈေးကွက် ကို ကျွန်တော်တို့က စဉ်စားရပါတယ်။ မြန်မာနိုင်ငံက လူဦးရေ ၅၁ သန်းပဲရှိပါ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့ နိုင်ငံတွေရဲ့ လူဦးရေက ၂ ဘီလီယံကျော် ၃ ဘီလီယံနီးပါးလောက်ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားတဲ့ ဘင်္ဂလာဒေ့ရ်နိုင်ငံတို့က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒီနိုင်ငံ တွေကို ခင်များတို့ရဲ့ ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုခင်များတို့ ဈေးကွက် ရှာမလဲဆိုတာလဲ စဉ်းစားမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ တစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အခြေခံပြီးထုတ်လုပ်တဲ့ တန်းဖိုးမြင့်ပစ္စည်းတွေ ထုတ်လုပ်ခြင်းလုပ်ငန်း ၊ နောက် ခင်များတို့နိုင်ငံကနေ တိုက်ရိုက်လာပြီးတော့မှ Investment လုပ်ပြီးတော့မှ ခင်များတို့ရဲ့နည်းပညာနဲ့ ခင်များတို့ပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့မှ သွားတဲ့လုပ်ငန်း၊ ဒီနှစ်ခုလုံးကို မြန်မာနိုင်ငံမှာလာလုပ်မယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်၊ မုတ်ချအကျိုး ရှိပါလိမ့် မယ်။

မနေ့ကလဲ အဆွေတော်တို့သမ္မတကြီးနဲ့ ကျွန်တော်တွေ့တယ်။ မြန်မာနိုင်ငံ နဲ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်နဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေး သဘောတူညီချက်ရယူခဲ့တာရှိပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ တချို့သော အခက် အခဲတွေကို ခင်များတို့ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့ ဒါတဒင်ဂ သာဖြစ်ပါတယ်။  ကျွန်တော်တို့တတွေပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီအခက်အခဲတွေကို အားလုံး ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အရေးကြီးတာတော့ လုပ်ချင် တယ်ဆိုတဲ့ ၊ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် စိတ်ပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိတ်ဆွေ ရုရှားနိုင်ငံသူ၊ နိုင်ငံသားများနဲ့ လုပ်ငန်းရှင်အားလုံးကို ကြိုဆိုပါကြောင်း ကျွန်တော်ပြောလိုပါတယ်။ လိုအပ်လို့ရှိရင်လဲ မြန်မာနိုင်ငံမှာ ကျွန်တော်ကိုယ်တိုင် ခင်များတို့နဲ့ ထပ်တွေ့ပါမယ်။ ကျေးဇူးတင်ပါတယ်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ သည်။

ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ရုရှားမီဒီယာများ က မေးမြန်းရာ အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒီရုရှားရောက်တဲ့အခါမှာ  H.E. Vladimir Vladimirovich Putin နဲ့တင် မကပဲနဲ့ ရုရှားရဲ လုံခြုံရေးကောင်စီအတွင်းရေးမှူး ၊ ပြီးရင် ရုရှားအထက် လွှတ်တော် ဥက္ကဋ္ဌ ၊ ရုရှား ဒူးမားလွှတ်တော် ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရုရှားမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့  တွေ့ဆုံခဲ့ပါတယ်။ အနှစ်ချုပ် ကတော့ မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်။ စီးပွားရေး၊ နိုင်ငံ ရေး ၊ လူမှုရေး၊ ကာကွယ်ရေး အားလုံးမြှင့်တင်သွားမှာဖြစ်ပါတယ်။ သမ္မတကြီး H.E. Vladimir Vladimirovich Putin နဲ့ဆုံတွေ့တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မြန်မာ-ရုရှားပေါ့ မိတ်ဖက်ဆက်ဆံရေး ၊ မဟာမိတ်ဆက်ဆံရေး ခိုင်မာတဲ့ဆက် ဆံရေး ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေး ၊ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍ ပေါင်းစုံမှာအားလုံးတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ရုရှား- မြန်မာ  MYANMAR_ RUSSIAN Business Forum တွေပါတယ်။ သူရဲ့အချိတ်အဆက် တွေလဲဖြစ်ပါတယ်။ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ ဖြစ်နေမယ့်နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာမှာရော မြန်မာရေးရာမှာ ရော ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်ကနေရပ်တည်ပေးခဲ့တာကို ကျွန်တော်တို့ အထူး ကျေးဇူးတင်ပါတယ်။

၁၁၀ မီဂါဝပ်အားရှိတဲ့ နူကလီယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်ပါမယ်။ ဒါအပြင် အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေး အရ အခြေခံကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါသည် အလွန်ကြီးမားတဲ့ Project ကြီးဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအားဖြင့် ကုန်းတွင်းလမ်းကို အသုံးပြုပြီးတော့ကြ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းကနေ ဗီယက်နမ်မှာရှိတဲ့ ဒါနန်း( Da Nang) ဆိပ်ကမ်း ၊ အခြား ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့ သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခုပေါ်လာမှာဖြစ်တယ်။ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့် အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘယ်နေရာ ရှိလဲဆို ရင် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း အောက်မှာ မလက္ကာရေလက်ကြားဆိုတာရှိတယ်။ ဒီမလက္ကာရေလက်ကြား ဆိုတာက တောင်တရုတ်ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုဆက် ပေးထားတာဖြစ်တယ်။

စိန့်ပီတာစဘတ်စ်မှာ မြန်မာ-ရုရှားတွေ့ပြီးတော့ ရင်းနှီးမှုမြှင့်တင် နိုင်ရေးအတွက်ကြောက် ကောင်စစ်ဝန်ချုပ်ရုံးအသစ် သွားရောက်ဖွင့်လှစ်မှာဖြစ် တယ်။ ပြီးရင် ဘီလာရုကိုသွားမယ်။ ပြန်လာရင် ကျွန်တော်တို့ ရုရှားမှာရှိတဲ့ ဗလာဒီဗော့စတော့ကိုသွားမယ်၊ အဲဒီမှာလဲ ကောင်စစ်ဝန်ချုပ်ရုံးအသစ် တစ်ခု ဖွင့်မယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ကနေစပြီးတော့ မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ၊ ပိုမိုတည်မြဲစေဖို့ သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ် နိုင်ပြီဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာပြောချင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။