နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိ

နေပြည်တော်၊ မတ် – ၅

ရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ  ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ပို့ ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြု ခြင်းကိုခံယူသည်။ ထိုသို့ဂုဏ်ပြုတပ်ဖွဲ့မှ ပို့ဆောင်နှုတ်ဆက်စဉ် မြန်မာ-ရုရှား နှစ်နိုင်ငံ  နိုင်ငံတော်တေးသီချင်းများကို တီးမှုတ်ကြသည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အနုကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှအထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော် ချိန်ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo လေဆိပ်သို့ရောက်ရှိကြရာ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။