နေပြည်တော် မတ် ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ ဗစ်တရာ ဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ခရီးစဉ်တွင် လိုက်ပါလာ သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား ၅-၃-၂၀၂၅ ရက်နေ့၊ ၁၀၃၀ နာရီက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ ချီးမြှင့်အပ်နှင်းခဲ့သည်။
ချီးမြှင့်ပွဲအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ရေးနှင့် မြန်မာနိုင်ငံက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေး တာဝန်ခံ နိုင်ငံတာဝန်ထမ်းဆောင်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။