နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် ဖွင့်လှစ်

နေပြည်တော်၊ မတ် – ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ် အစိုးရဧည့်ဂေဟာ K2 ၌ ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ  ဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဒုတိယဝန်ကြီးများ၊ စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒား ဘယ်ဂ်လော့ ၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်များ၊ မြန်မာကောင် စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မှ စိန့်ပီတာစဘတ် မြို့တွင် သွားရောက်ပညာသင်ကြားလျက်ရှိသည့် သင်တန်းသား အရာရှိများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော် များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သီချင်းတို့အား ဖွင့်လှစ်၍ အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန္ဒား ဘယ်ဂ်လော့ တို့က ကောင်စစ်ဝန်ချုပ်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလွန်ဝေးကွာသော်လည်း နှစ်နိုင်ငံပြည်သူများ နှင့် နှလုံးသားချင်းနီးကပ်နေသောကြောင့် သံတမန်ဆက်ဆံရေးသမိုင်းကြောင်း တစ်လျှောက် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးကောင်းကို ထူထောင်ထားနိုင်ခဲ့ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကိုအရှိန် အဟုန်မြှင့်တင် နိုင်စေရန်အတွက် အချက်အခြာကျသည့် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့ တို့တွင် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ၂ ခုကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရုရှားနိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံရေး၊စီးပွားရေး၊ ခေတ်မီ သိပ္ပံနှင့် နည်းပညာထွန်းကားတိုးတက်နေသည့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင် စစ်ဝန် ချုပ်ရုံးကိုဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မိမိတို့နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ပိုမိုဖော် ဆောင်နိုင်မည်ဟုယုံကြည်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန္ဒား ဘယ်ဂ်လော့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရုရှား-မြန်မာဆက်ဆံရေး များကောင်းမွန်လျက်ရှိခြင်းကြောင့် မိမိတို့ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောင်စစ်ဝန်ချုပ် ရုံးအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ကောင်စစ်ဝန်ချုပ်ရုံးသည် ပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်သဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်းဖြင့်ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူးတို့အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး က မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအထိမ်းအမှတ်  လက်ဆောင်များကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံမှ အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။