နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် – ၇

ဘီလာရုစ်သမ္မတနိုင်ငံ၊မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား မတ်လ ၆ ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့၊ President ဟိုတယ်ရှိအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ်ဖွဲ့ဝင်များတက်ရောက်ကြပြီး ဘီလာရုစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဘယ်လာရုစ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက် ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား ကဏ္ဍတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။