နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် – ၇

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးရောက် ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ် နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် မင့်စ်မြိုရှိ အမျိုးလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ဘယ်လာရုစ်နိုင်ငံ အမျိုသားလွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လွှတ်တော်ဧည့် သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားလွှတ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ ဘယ်လာရုစ်နိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ က လိုက်လံရှင်းလင်းပြသည်။

ယင်းနောက် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံလွှတ်တော် များအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှ တသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်မှုအခြေ အနေများ၊ ဘယ်လာရုစ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့များလာရောက်လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များစေလွှတ်သွားမည့် အခြေအနေ များ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။