နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံ တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် – ၇

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ဘယ်လာရုစ် သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများအား President ဟိုတယ် ၌တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊  ခရီးစဉ်တွင်လိုက်ပါ လာသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဆိုင်ရာမြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)နှင့် တာဝန်ရှိသူများ၊ သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ပြည်ပနိုင်ငံသို့ ပညာတော်သင်များစေလွှတ်ခြင်း သည်ရည်ရွယ်ချက်ရှိစွာဖြင့် စေလွှတ်သင်ကြားစေခြင်းဖြစ်ကြောင်း၊ သာမန်အားဖြင့် ဘွဲ့လွန်သင်တန်းသားများရှိသကဲ့သို့ လိုအပ်ချက်များကြောင့် စေလွှတ်ရသည့် ပညာ တော်သင် သင်တန်းသားများလည်းရှိကြောင်း၊ သင်တန်းများစေလွှတ်တက်ရောက် စေခြင်းဖြင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း သင် တန်းပြီးမြောက်အောင်သင်ကြားရန်နှင့် သင်ကြားပေးသည့် ပညာရပ်များကိုအမှန် တကယ် တက်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် ရွေးချယ်စေလွှတ်ခံကြရသူများဖြစ် သဖြင့် မိမိကိုယ်ကိုတန်းဖိုးထား၍ ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာ သင်ကြားရန်အတွက် မိမိကိုယ်တိုင်အတွက် အချိန်နှင့်‌ငွေကြေးများကုန်ကျခံရခြင်း ရှိသကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်မှလည်း ထိုက်သင့်သည့် ကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးပြုနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ အကျိုးကိုကြိုးပမ်းဆောင်ရွက်လိုသည့် စိတ်များရှိကြရန်လိုကြောင်း။

လူတိုင်းတွင် မျှော်လင့်ချက်ရှိသကဲ့သို့ မိမိတို့တိုင်းပြည်၏ မျှော်လင့်ချက်ကို လည်း ဖြည့်ဆည်းပေးရန်လိုသဖြင့် မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များဖြင့် တိုင်းပြည် ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေရန်လိုကြောင်း၊ တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်ကောင်းမွန်ပြီး လုပ်ငန်းများ အောင်မြင်အောင်ကြိုး ပမ်းဆောင်ရွက်ကြသူများဖြစ်ကြကြောင်း၊ မိမိ ကိုယ်ကိုတန်ဖိုး ထားပြီး မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းပြီး လုံ့လဝီရီယအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြား သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။

အလားတူ ဒေသစံတော်ချိန် နံနက်ပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်၍ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများနှင့် မိသာစုများအားသွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မှု၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း စီးပွားရေးဖိုရမ်ကျင်းပနိုင်မှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုအခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုမှုတို့နှင့်ပတ်သက်၍ အကျယ်တဝံ့ရှင်းလင်းမှာကြားကာ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများနှင့် မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံးဝန်းထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့်ချီးမြှင့် ငွေများကို ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။