ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား

နေပြည်တော်၊ မတ် – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin  ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် လည်းကောင်း မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိသွား ရောက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၉ ရက်နေ့ ဒေသစံတော်ချိန် ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှဲဗာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထိုသို့ ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ အပြည့်အစုံမှာ —

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်

               ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ် ကို သွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့ကလွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတယ်။ တစ်ကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေများစွာရှိတယ်။  ဒါတွေကို အသုံးချမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်က မုချတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ရမယ်။  ဒီအတွက် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှု အလားအလာကိုရှာတဲ့အခါမှာ ရုရှားနိုင်ငံဟာ ကျွန်တော်တို့အတွက် ပူးပေါင်းဆောင်ရွက်မှုအလားအလာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော် တို့မြင်တာပေါ့။  ရုရှားနိုင်ငံတင်မက ပါ ဘူး။ နိုင်ငံတွေများစွာရှိပါတယ်။  သို့သော်လည်းပဲ အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှားနိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်သိ ပါတယ်။ ဒါကြောင့်  ရုရှားနိုင်ငံကို ကျွန်တော် သွားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က  နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးအရပြည်သူ တွေတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစနစ်ကိုသွားဖို့အတွက် ကျွန်တော်တို့က ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က အကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်ဖက်ကပူးပေါင်းဆောင် ရွက်မှုတွေ လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင် လည်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ ဒါကြောင့် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရုရှားဘက်ကကူညီမယ်လို့ သူပဲပြော တယ်။ သို့ပေမယ့်လည်းဘယ်လာရုစ် သမ္မတကြီးH.E .Mr Alexander Gregoryevich Lukashenko ကလည်း ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အစစအရာရာပူပေါင်းဆောင် ရွက်ပေးမယ်ကူညီပေးမယ်လို့ ပြောတယ်။  ကျွန်တော်တို့ အတွက်ခွန်အားတွေဖြစ်သလို တိုင်းပြည် အတွက်လည်း အားတစ် ခုကျွန်တော်တို့ရမှာပါ။  ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထား အရ ကြည့်မယ်ဆိုလို့ရှိရင်  တစ်ကယ့်ဆုံချက် မှာရှိတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ အာဆီယံနိုင်ငံမှာ အနောက်ဘက်အကျဆုံး နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့အနောက်ဘက်မှာ လူဦးရေသန်းပေါင်း ၁ ဒသမ ၄ ဘီလီယံ ကျော်လောက်ရှိတဲ့ အိန္ဒိယနိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ဘင်္ဂလားဒေ့ နိုင်ငံရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာ လူဦးရေ သန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ်နိုင်ငံရှိတယ်။  ဒီသုံးမျိုး ပေါင်းလိုက် လို့ ရှိရင် ၄ ဘီလီယံ နီးပါးလောက်လူဦးရေရှိတယ်။ အဲဒီတော့ သွားမယ့်နေရာ ဆုံချက်ကိုကြည့်မယ်ဆိုရင် တောင်ဘက်ကို သွား ရင် အိန္ဒိယသမုဒ္ဒရာ ရောက်သွားမယ်။ မြောက်ဘက်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံကိုဖြတ်ပြီး ရုရှားနိုင်ငံကို ရောက်သွားမယ်။ အနောက်ဘက်ကိုသွားမယ်ဆိုရင် အိန္ဒိယနိုင်ငံကို ရောက်သွား မယ်။ အရှေ့တောင်ဘက်ကိုသွားမယ်ဆိုရင် အာဆီယံနိုင်ငံတွေ အကုန် ရောက်သွားမယ်။ မြန်မာနိုင်ငံ က လောက်အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။ ကျွန်တော်တို့နိုင်ငံက အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊  မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာ ပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ် ဆိုတာ သိနိုင်ပါတယ်။  ကျွန်တော်တို့ဗျာ တစ်ကယ်ကိုလက်တွဲ လုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ EAO တွေကိုလည်း ကျွန်တော်ပြောချင်တာ ကတော့ ကိုယ်ဖြစ်ချင်တာ တွေမပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။  လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။  ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ် လိမ့်မယ်။ ဖြစ်သင့် တာ ဖြစ် နိုင်တာကိုပဲ ကျွန်တော်တို့သွားတာကောင်းတယ်။  ကျွန်တော်တို့ ပြောတယ်။ ကျွန်တော်တို့ တစ်အချက်ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ် သက်တဲ့ အခွင့်အရေးပေး တယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ် ရတယ်။ တစ်ဖက် သတ်အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေ ဘက်ကိုလည်း ဦးစား ပေးပြီး တော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီး ကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေ တွေ အားလုံးကိုဦးစားပေးပြီး ကျွန်တော်ဆောင်ရွက်ပေးမယ်။ အခုထိ ကျွန်တော်တတ်နိုင်သမျှလုပ်ပေး ပါတယ်။ မြန်မာနိုင်ငံ အတွက်  စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းတွေကို မလွတ်ဘူး။ အနာဂတ်အတွက် သိပ္ပံနဲ့နည်းပညာကို ကျွန်တော် မလွတ်ဘူး။ သူတို့က စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းမှာ အခြေခံတဲ့စက်မှုလုပ်ငန်းတွေ က အများကြီး ကောင်းတယ်။ သိပ္ပံနည်းပညာမှာလည်း အများကြီး ကောင်းတယ်။ သူတို့က အနိမ့်တစ်ခုနဲ့အမြင့်တစ်ခုအားလုံးကို အတူတူပေါင်းစပ်ပေး နိုင်တဲ့ အနေအထားရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက်လိုအပ်ချက်ပဲ။  ဒါကြောင့် ကျွန်တော် ပြောရဲပါတယ်။ ပူးပေါင်းဆောင်ရွက် မယ်ဆို လို့ ရှိရင် ဒီဟာကကျွန်တော်တို့ တိုင်းပြည် အတွက် အကျိုးအမြတ်မုချရှိမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။