နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် – ၁၅

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ Asia World Port Terminal-AWPT ဆိပ်ကမ်းသို့  သွားရောက်၍ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှု အခြေအနေ များနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် Asia World Port Terminal-AWPT ဆိပ်ကမ်းတံတားရှိ ၃ ထပ်ဆောင် ခန်းမသို့ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ဆိပ်ကမ်း လုပ်ငန်း ကဏ္ဍ နောက်ခံသမိုင်းအကျဉ်း၊ မူဝါဒများ၊ မြန်မာ့ဆိပ်ကမ်းများ၊ နှစ်အလိုက် ဆိပ်ကမ်း တံတားများတိုးတက်လာမှု၊ ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းဧရိယာတို့ရှိ ဆိပ်ကမ်း တံတားများ၊ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေအကျဉ်းချုပ်၊ ပြည်ပသို့ ပင်လယ်ရေကြောင်းမှ လယ်ယာထွက်ကုန်များတိုးမြှင့်တင်ပို့ခြင်း၊ ရန်ကုန်-ကော့သောင်း-ရနောင်း ခရီးစဉ်ဖြင့် သွင်းကုန်/ပို့ကုန်ဆောင်ရွက်နိုင်မှု၊ Transshipment ဖြင့် ကုန်သွယ်မှုကို မြှင့်တင်ခြင်း၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့် သုံးစွဲမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်တင်ပြချက်များကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ က ကုန်သွယ်မှု ဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် ၅ ရပ်၊ စီးပွားရေး ဦးတည်ချက် ၃ ရပ်တို့နှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လအထိ ကုန်သွယ်မှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လအလိုက်ကုန်သွယ်မှုအခြေအနေများ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လ ၁၂ ရက်အထိ ပို့ကုန်ဆိုင်ရာ ကုန်ပစ္စည်းအုပ်စုအလိုက် အမှန်တင်ပို့နိုင်မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လ ၁၂ ရက်အထိနှင့် ယခင်နှစ်အလားတူကာလ ပို့ကုန်အုပ်စုအလိုက်နှိုင်းယှဉ်ချက်၊ ပို့ကုန် အများ ဆုံးတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများနှင့် နိုင်ငံများ၊  ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဝါဂွမ်းတင်ပို့မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လ ၁၂ ရက်အထိ အုပ်စုအလိုက် သွင်းကုန်ဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် သွင်းကုန်အများဆုံး တင်သွင်းခဲ့ရသည့် ကုန်ပစ္စည်းများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆိပ်ကမ်းလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်က မိမိတို့နိုင်ငံမှ ဆိပ်ကမ်းသည် အရှေ့တောင်အာရှတွင် ပို့ကုန်များ အဓိက တင်ပို့သည့် ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်များ တင်ပို့မှုလျော့နည်း လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ် ချက်များကို ကျော်လွှား၍ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွား ရန်လိုကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများဆိုက်ကပ်ခွင့်ခွဲဝေပေး ရာတွင် ဆိပ်ကမ်းများ၌မျှ၍ ဆိုက်ကပ်ခွင့်ပေးရန်လိုကြောင်း၊ ဝင်ရောက်လာသည့် သင်္ဘောအမျိုးအစားများအလိုက်၊ အရွယ်အစားအလိုက် ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့် အား စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်းပြီးစီးသွားပါက ဖြစ်ပေါ်လာနိုင်မည့် သင်္ဘော ဝင်/ထွက် ကန့်သတ်မှုများကို ကြို တင် တွက်ဆပြင်ဆင်ထားရန်လိုကြောင်း။

ပို့ကုန်နှင့် ပတ်သက်၍ တင်ပြချက်များအရ မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ ပိတ် ဆို့မှုများရှိသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးမြှင့်၍ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန် လိုကြောင်း၊ ဈေးကွက်ရှိပြီးဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်၍ ပြည်ပ သို့ တင်ပို့နိုင်ရန်လိုကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့်ထုတ်ကုန် ပစ္စည်းများကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စက်မှုစိုက်ပျိုးရေး ထုတ်ကုန်များ၊ စားသောက်ကုန်များကိုလည်း တင်ပို့နိုင်ပြီး ထုတ်လုပ်မှုကို ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရှိပြီးဖြစ်သည့် ရာဘာနှင့် ကော်ဖီတို့ကဲ့သို့ ထုတ်ကုန်များကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် တန်ဖိုးမြင့်ထုတ်ကုန် များ ထုတ်လုပ်တင်ပို့သွားနိုင်ရန်လိုကြောင်း၊ ထုတ်လုပ်မှုတိုးမြှင့်ရန် စိုက်ဧကများ တိုးချဲ့ ဆောင်ရွက်သွားရန်လိုကြောင်း။

ပို့ကုန်များတိုးမြှင့်ရရှိရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီပြီး အထွက်နှုန်းကောင်းမွန်မှသာလျင် ပြည်ပပို့ကုန်များလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ခြင်းဖြင့်လည်း ပြည်ပမှ စားသုံးဆီ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

ပြောင်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပြောင်းကုန်ကြမ်းများကို ကုန်ကြမ်းအစား တန်ဖိုး မြင့်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး အဆင့်ဆင့်ပြုပြင်ပြောင်းလဲဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျင် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေ မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြောင်းစက်ရုံများတည်ဆောက်၍ ပြောင်းမှ ပြောင်းထုတ်ကုန် ကုန်ချောထုတ်လုပ်မှုများကိုလည်း အဆင့်အလိုက် ပြောင်းလဲ ဆောင် ရွက်သွားရန်လိုကြောင်း။

ဆန်နှင့်ပတ်သက်၍ အရည်အသွေးပြည့်မီသည့် ဆန်များကို ကြိတ်ခွဲထုတ်လုပ်နိုင် ရန်လိုပြီး တန်ဖိုးမြင့်ပြီး အရည်အသွေးပြည့်မီသည့်ဆန်များကို တင်ပို့နိုင်ရမည်ဖြစ် ကြောင်း၊ သီးထပ်စိုက်ပျိုးခြင်းများကို အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုး ရေး ထွက်ကုန်များ နှစ်ဆတက်လာမည်ဖြစ်ပြီး ကုန်ချောထုတ်ကုန်များသည်လည်း တိုး တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များအား ပြည်ပသို့တင်ပို့မှုကို ကန့်သတ်ထားခြင်းမရှိသည့်အတွက် ပြည်ပသို့ လျင်မြန် ချောမွေ့စွာဖြင့် တင်ပို့နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်သွားရန် လိုကြောင်း၊ ဆိပ်ကမ်းမှ ပို့ဆောင်သည့် မော်တော်ယာဉ်များ အချိန်မီ ထွက်ခွာနိုင်ရေး အတွက်လည်း လမ်းကြောင်းများကို စနစ်တကျ တွက်ချက်ထားရန်လိုပြီး ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည်များ စီမံဆောင်ရွက်ထားရှိရန် လိုကြောင်း၊ ဆိပ်ကမ်းများနှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရေး စီမံ ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ငွေကြေးကဏ္ဍ၌ ခိုင်မာတောင့်တင်းသည့် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံနှင့်ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေးကို တိုက်ရိုက်အထောက်အကူပြုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ၎င်းကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း(Agro Base Industry) ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ထံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်တရ လက် ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Asia World Port Terminal-AWPT ဆိပ်ကမ်းတံတားအတွင်း လှည့် လည်၍ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။