နေပြည်တော် ဧပြီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက် ပျက်စီးခဲ့ရမှုများကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးဒဏ် သင့်ပြည်သူများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်ရွှေ မြို့နယ်၊ အင်းခြံ ကေလာကျေးရွာအုပ်စု၊ ကေလာကျေးရွာသို့စက်လှေများဖြင့်ရောက်ရှိပြီး ကေလာ ကျေးရွာအုပ်စုအတွင်း လူနေအိမ်များပျက်စီးမှုဖြစ်ပေါ်ခဲ့မှုနှင့်ထိခိုက်ပျက်စီးမှုအခြေအနေများကို မေးမြန်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယိုင်နဲ့သွားသည့် နေအိမ်များအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ရေးဒေသမှကျွမ်းကျင်လက်သမားအဖွဲ့များ လုပ်သားများဖြင့် ဆောင်ရွက်ပေးသွားရန်နှင့် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည့် နေအိမ်များအား ရှင်းလင်းမှုများကို ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်ငလျင်ဘေးဒဏ်သင့် ပြည်သူ များနှင့်တွေ့ဆုံရာ ဦးစွာရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကလောခရိုင်အုပ်ချုပ်ရေးမှူးတို့က ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဘေးဒဏ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု၊ ဘုရား၊ စေတီပုထိုးများ၊ လူနေအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများ၊ နေအိမ်များပြန်လည်တည်ဆောက်ရန် အတွက် သစ်နှင့်သွပ်များလိုအပ်ချက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နေအိမ်များပြန်လည်တည့်မတ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်း နှင့် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည့် နေအိမ်များအား ရှင်းလင်းမှု များကို ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငလျင် ဘေးဒဏ် သင့်ပြည်သူများနှင့်တွေ့ဆုံရာ ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကလော ခရိုင် အုပ်ချုပ်ရေးမှူးတို့က ညောင်ရွှေမြို့နယ်အတွင်း ငလျင် ဘေးဒဏ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု၊ ဘုရား၊ စေတီပုထိုးများ၊ လူနေအဆောက်အဦများ ထိခိုက် ပျက်စီးခဲ့ရမှုအခြေအနေများ၊ နေအိမ်များ ပြန်လည် တည်ဆောက်ရန် အတွက် သစ်နှင့်သွပ်များလိုအပ်ချက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နေအိမ်များပြန်လည်တည့်မတ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ဆောင်ရွက်ပြီးစီးစေရေး ကျွမ်းကျင်လက်သမား အဖွဲ့များနှင့် ကျွမ်းကျင်လုပ်သားများ ရရှိအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများဆောက်လုပ်ရာတွင် အုတ်ဖိနပ်များဖြင့် ဆောက်လုပ်နိုင်ရေး မြေသားစစ်ဆေးခြင်း များကိုလည်း ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် သစ်၊ သွပ်နှင့်ဘိလပ်မြေများ လုံလောက်စွာရရှိစေရေး နိုင်ငံတော်မှကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့် ပြည်သူများအတွက် လတ်တလောကာလတွင် တစ်လစာ အထိ စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် တိုက်နယ်ဆေးရုံတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်သဘာဝ ဘေးဒဏ်ဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခုကြုံ တွေ့ခဲ့ရသည့်မန္တလေးငလျင်ကြီးသည် မိမိတို့နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ငလျင်ကြီးဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ကောက်ယူရရှိသည့်စာရင်းများအရ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိခဲ့ရသူ ၅၀၂၀ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၁ ဦးရှိသည်ဟုသိရှိရကြောင်း၊ ယခုကဲ့သို့ သေဆုံးမှုများသည် မိမိတို့နိုင်ငံသမိုင်းတွင် ဆိုးရွားသည့်အဖြစ်အပျက်တစ်ခုဖြစ်ပြီး မိမိအနေဖြင့်လည်း စိတ်မကောင်းဖြစ်ရကြောင်း၊ သေဆုံးခဲ့ ရသူများကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေအိမ် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများကိုလည်း နေအိမ်အမျိုးအစားနှင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအလိုက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။အဆောက်အဦများဆောက်လုပ်ရာတွင်ယခင်မိမိတို့နိုင်ငံတွင်အမြင့်ဆုံးလှုပ်ခတ် ခဲ့သည့် ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဆောက်လုပ်ရမည် ဖြစ်သော်လည်း ဆောက်လုပ်ခဲ့ခြင်းမရှိမှုများကြောင့် အချို့အဆောက်အဦများမှာပျက်စီးပြီး ထိခိုက် သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အချိန်တွင် ယခုကဲ့သို့ ပျက်စီးမှုများ မရှိစေရေး အဆောက်အဦများဆောက်လုပ်ရာတွင် အနည်းဆုံး ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဆောက်လုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ယခုငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရစဉ် နေပြည်တော်တွင်တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဆင်းတုတော်ကြီးနှင့် ပလ္လင် တော်ကြီးတို့အနေဖြင့် ထိခိုက်ပျက်စီးမှု(လုံးဝ) မရှိခဲ့ကြောင်းနှင့် အခြားသာသနိကအဆောက်အဦ များတွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လေပြင်း တိုက်ခတ်မှုဒဏ် ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေ ရေးတို့ကို စနစ်တကျတွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီအင်ဂျင်နီယာနည်းပညာများ အသုံးပြု တည်ဆောက်ခဲ့မှုကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် နောင်လာနောက်သားများ၏ကာလ၌ ငလျင်ဒဏ်ကြောင့်ထိခိုက်မှုမရှိစေရေး မိမိတို့အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စနစ်တကျဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း။
ငလျင်ဒဏ်သင့်ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှလည်း ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးကိုဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဝိုင်းဝန်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုလည်း ရိုးရာအစဉ်အလာ များနှင့်အညီ အေးအေးချမ်းချမ်းဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်း၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသနှင့် နိုင်ငံအတွက် ဝမ်းစာဖူလုံရေးနှင့် လူနေမှုဘဝမြင့်မား စေရေးတို့အတွက် အထောက်အကူပြုအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။ ပညာသင်ကြားရေးနှင့်ပတ်သက်၍ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသည့် အခြေခံ ပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး ရမည် ဖြစ်ကြောင်း၊ ကလေးငယ်များအားလုံးအမျိုးသားရေးစိတ်ဓာတ်ရှိစေရေး၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန် စေရေးတို့အတွက် ဆရာ၊ ဆရာမများ၊ မိဘများ၏အုပ်ထိန်းမှုများအောက်တွင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ ပညာတတ်များဖြစ်စေရေးနှင့် ၎င်းတို့ဖြတ်သန်းရမည့်ဘဝခရီးလမ်းကို အေးချမ်းသာယာချောမွေ့စွာဖြင့် ဖြတ်သန်းသွားနိုင်ရေး လမ်းကြောင်းမှန်ပေါ်သို့ ဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှအတတ်နိုင်ဆုံး ဆောင်ရွက်ပေး လျက်ရှိပြီး ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြမည်ဆိုပါက ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ် သင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကူညီ ကယ်ဆယ် ရေး အဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသို့ရောက်ရှိကြပြီး ငလျင် ဒဏ်ကြောင့် သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားပင်မစံကျောင်းတော်ကြီး ရေရှည် ကြံ့ခိုင်မှုရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျောက်၊ သဲ၊ သံချောင်းများနှင့် ဘိလပ်မြေတို့ကို အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စံကျောင်းတော်ကြီးရှိ အောက်ခြေတိုင်များ ကြံ့ခိုင်မှုရှိစေရေး မြန်မြန်ဆန်ဆန်ဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် မြေကာနံရံများ၌ မြေပြိုကျခဲ့သည့်နေရာများအား Sheet Pile များဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြုပြင်ရေးလုပ်ငန်းများအား နှစ်စဉ် ကျင်းပနေကျဖြစ်သည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား ပန်းနှင့် သောက်တော် ရေချမ်းတို့ ကပ်လှူပူဇော် ဖူးမြော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရားဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်း ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု ခဲ့သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။