နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်   တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မတ် – ၂၇

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေး ပြ စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာ ယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် ဘက်ပိုက် တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌ နေရာ ယူကြသည်။

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်၍ အလံတော် အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး  ဗိုလ်မှူးချုပ် ရဲကျော်ကျော် ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အနောက်မြောက် တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် အနော်ရထာ စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန် ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ရေ) ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၃)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၄)တို့ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းကြိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၃)၊ ကာကွယ်ရေးဦးစီး ချုပ် ရုံး(ကြည်း)ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)ကိုယ်စားပြုအမျိုးသမီး(ပညာသည်)စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု အမျိုးသမီး (ပညာသည်) စစ်ရေးပြ တပ်ခွဲ(၃)တို့ ပါဝင်သည့် အောင်ဇေယျ စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (လေ)ကိုယ်စားပြု အမျိုးသမီး(ပညာသည်) စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ(၃)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၄)တို့ ပါဝင် သည့် ဆင်ဖြူရှင် စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ်  ညီညီဝင်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊  လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တယားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ် စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ် စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ တို့ ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။

စစ်ကြောင်းမှူး ရဲမှူးချုပ် မောင်မောင်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေး ပြတပ်ခွဲ(၂)၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား ပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်းစစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့ များနှင့်အတူ စစ်ရေးပြကွင်း အတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။ အလားတူ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုများ၊ ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ ရုပ်ရှင်ဂီတအနု ပညာရှင်များ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ ကြပြီး စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆိုချီတက် လာကြပြီး စစ်ရေးပြကွင်းအတွင်းသို့ ရောက်ရှိနေရာယူကြသည်။

 

အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin နှင့် အဖွဲ့ဝင်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်၊ ကောင်စီ အတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ ကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အကြံပေး ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူ များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်း သူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေး ကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း ဗဟိုတို့မှတာဝန်ရှိသူများ၊ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနု ပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲ များတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက် ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ရေးပြကွင်းသို့ရောက်ရှိစဉ် MiG-29 ဘက်စုံသုံး တိုက်လေယာဉ် ၁ စီးက ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ် ၍ အလေးပြုပျံသန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

             ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က မိန့်ခွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်း ပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MTX – 1 A လေယာဉ် တစ်စီးနှင့် PT-6 လေယာဉ် ၂ စီး တို့က ရှုရပ်၏ရှေ့တည့်တည့်သို့ Trail Formation ပုံစံဖြင့်လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စီးက Trail Formation ပုံစံဖြင့်လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၁ စီးက ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ Eurocopter ၂ စီးက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှလက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စီးက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ၂၉၅ ဒီဂရီလမ်းကြောင်း အတိုင်း Echelon  Formation ပုံစံဖြင့်လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၁ စီးက ရှုရပ်၏ ရှေ့တည့်တည့်မှ ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ Eurocopter ၂ စီးက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း Echelon  Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုး အစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီ မြင် ကွင်းမှ ၂၉၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီ မြင် ကွင်းမှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင် ရေး ‌လေယာဉ်တစ်စီးက ရှုရပ်၏ ရှေ့တည့်တည့် တောင်မှမြောက်သို့ ပျံသန်း၍လည်းကောင်း၊ K-8 W တိုက်ခိုက်ရေးလေယာဉ် ၂ စီးက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်း မှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း Echelon  Formation ပုံစံဖြင့်လည်း ကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စီးက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ၂၉၅ ဒီဂရီလမ်းကြောင်းအတိုင်း Echelon  Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စီးက ပွဲကြည့်စင်နောက်မှ ရှုရပ်၏အရှေ့ဘက် သို့ ပျံသန်း၍ Flare မီးကျည်များထုတ်လွှတ်၍ လည်းကောင်း အသီးသီးသရုပ်ပြ ပျံသန်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်အား အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော်စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ် ကြီး ကိုလည်းကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော် အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)  အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံ အလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပြီး စစ်ကြောင်းကြီးများ ချီတက်ရာလမ်းကြောင်း တစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင် အလှ မီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့် လည်း ကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များအတိုင်း ပြောင်းလဲ အလှဆင်၍ လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်း ကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်း ကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံစင်မြင့် မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါးရုပ်တု အောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Strip Light များဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Strip Light များဖြင့် အသီးသီးပုံဖော်အလှဆင်ထားသည်ကို တွေ့မြင် နိုင်မည်ဖြစ်သည်။

ထို့အပြင် နှစ်(၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြ ကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထားရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။