နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြား

နေပြည်တော်၊ မတ် – ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်မှုကြောင့် မြို့တွင်း လမ်းများ ထိခိုက်ပျက်စီးခဲ့မှုအား ယာယီသွားလာနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ ကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်း အားကစားကွင်း သို့‌ရောက်ရှိပြီး လူနေထိုင်နိုင်မှု၊ ရေ၊ မီး ရရှိမှု၊ သန့်စင်ခန်းသုံးစွဲနိုင်မှု အခြေအနေများကို မေးမြန်းကာ တာဝန်ရှိသူများအား ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ရသူများကို ယခုအားကစားကွင်းဧရိယာအတွင်း၌ ဆေးဝါးကုသမှုဆောင်ရွက် ပေးနိုင်ရေး ယာယီဆေးရုံနှင့်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ ရွှေ့လျား ဆေးရုံနှင့် ရွှေ့ လျားခွဲစိတ်ကုသမှုယာဉ်များကိုလည်း ထားရှိပေးရန်လိုကြောင်း၊ ရေ၊ မီး ကိစ္စရပ်များ အဆင်ပြေစေရေးတို့အပြင် ယာယီတဲများထုတ်ပေးခြင်း၊ ရွှေ့လျား သန့်စင်ခန်းများ ထားရှိပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အခြား ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဝန်ထမ်းအိမ်ရာအသီးသီး၌လည်း နီးစပ်ရာ အားကစားကွင်းနေရာများ၌ ယာယီနေထိုင်နိုင်ရန်နေရာများကို ဆောင်ရွက်ပေးသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေကြာပင်ရပ်ကွက်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစား ကွင်းသို့ ရောက်ရှိကြပြီး လူနေထိုင်နိုင်မှု၊ ရေ၊ မီး ရရှိမှု၊ သန့်စင်ခန်းသုံးစွဲနိုင်မှု အခြေအနေ များကို မေးမြန်းသည်။ ယင်းနောက်    မိုးလုံလေလုံအားကစားရုံအတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးထားသည့် ယာယီဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက် ရှိသည့်  ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အခြေအနေများနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို ရင်းနှီး နွေးထွေးစွာ မေးမြန်း အားပေးစကားပြောကြားသည်။

ထိုသို့လိုက်လံကြည့်ရှုစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများနှင့် မိသားစု ဝင်များ ရေ၊ မီး နှင့် အုပ်ချုပ်မှုကိစ္စရပ်များအဆင်ပြေစေရေးဆောင်ရွက်ပေးသွားရန်၊ တပ်မတော်မှ ရွှေ့လျား ခွဲစိတ်ကုသယာဉ်နှင့် ဆေးမှူးများကိုလည်း စေလွှတ်ကူညီဆောင်ရွက်သွားရန်၊ ပြည်ပ နိုင်ငံများမှ လာရောက်ကူညီပေးသည့် ဆေးအဖွဲ့များနေရာချထားနိုင်ရေးနှင့် အတူ တကွ ပူးပေါင်း၍ ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင် ရွက်ပေးသွားရန်လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။