နေပြည်တော်၊ မတ် – ၂၉
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိသည်။
ထိုသိုဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် သည် အဖွဲဝင်များလိုက်ပါ၍ ယနေ့နံနက် အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာ ကြည့်ရှုစစ်ဆေးသည်။
ထိုနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုးခဲ့ရမှုများ၊ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ များကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ၌ အမြန်ဆုံး ပိုဆောင်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူးပါရဂူများဖြင့် အမြန်ဆုံးဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ သေဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာဖြင့် သင်္ဂြိုဟ်ခြင်း များ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုးမှုများကြောင့် နေထိုင်ရန် အခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉ ဖြစ် ပေါ်စဉ်ကကဲ့သို နေထိုင်ရန်နေရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ အဆောက်အဦများကိုလည်း အမြန်ဆုံး စနစ်တကျရှင်းလင်းမှုများ ဆောင်ရွက်သွားရန်လို ကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍သက်တမ်းရင့်အဆောက်အဦများအား အရည် အသွေးစစ်ဆေးခြင်း၊ အဆောက်အဦသစ်များ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည် စံ နှုန်းများနှင့်အညီ တည်ဆောက်စေရေးတိုကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လို ကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများ၌ ရေ၊ မီး နှင့် နေထိုင်ရန်နေရာများ အဆင်ပြေမှုရှိစေ ရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းများကို အမြန်ဆုံးကောင်း မွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် နန်းမြိုရိုးတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရမှု အခြေအနေများ၊ မန္တလေး မြိုအတွင်း အဆောက်အဦနှင့် လမ်းများပျက်စီးခဲ့ရမှု၊ မန္တလေး တက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာ ဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြိုကျပျက်စီးနေသည့် အဆောက်အဦများ အတွင်း ပိတ်မိနေသူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန် လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွား ရန်၊ သင်ကြားရေး၊ ကျန်းမာရေးအဆောက်အဦများအပြင် အဆောက်အဦသစ်များ ပြန်လည်တည်ဆောက်ရာ၌ မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ချမ်းမြသာစည်မြိုနယ်ရှိ လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးကုသမှုဆောင်ရွက်ပေးနိုင်ရေးအတွက် ယာယီဆေးရုံနှင့် ကယ်ဆယ် ရေးစခန်းဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။