နေပြည်တော်၊ မတ် -၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်း အနားသို တက်ရောက်ခဲ့သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lt. Gen. Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Maj. Gen. Andrei Valerianovich Burdyko နှင့် ဘယ်လာရုစ်နိုင်ငံမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသိုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို တက်ရောက်ခဲ့မှုအတွက် ကျေးဇူးတင် ရှိကြောင်းနှင့် မြန်မာနိုင်ငံမှ လှိက်လှဲစွာကြိုဆို ပါကြောင်းပြောကြားပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး က ယခုကဲ့သို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၏နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို တက်ရောက်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြန်လည်ပြောကြား ကာ ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကိုမှ ပေးအပ် လိုက်သည့် မြန်မာနိုင်ငံ၏ နှစ်(၈၀)ပြည့်တပ်မတော်နေ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လက်ရောက်ပေးအပ်သည်။
ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဘယ်လာရုစ် သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သဘောတူညီချက် ရရှိခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိမှု၊ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုနှင့် အပြန်အလှန် ကုန်သွယ်ရေးကဏ္ဍ၊ စက်မှု ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတိုအပါအဝင် အခြားကဏ္ဍ ပေါင်း စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ လူသားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အနာဂတ်ကာလ တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မြဲစေရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားအဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်း လဲမှုအခြေအနေများနှင့် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေး ခေတ်စနစ်အမျိုးမျိုးကို တွေ့ကြုံခဲ့ရပြီး ပြည်တွင်းပြည်ပ အန္တရာယ်ရန်စွယ် အမျိုးမျိုးကို အကြိမ်ကြိမ်ကာကွယ်စောင့်ရှောက်ခဲ့မှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးချုပ် က ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးထံ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ် နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဘယ်လာ ရုစ်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးချုပ်ထံ လက်ဆောင်ပစ္စည်းများပေးအပ်ကာ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
\