နေပြည်တော်၊ မတ် -၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်း အနားသို တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Col. Gen. Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Kubarovich AZIZOV ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ရေးရာကောင်စီ ဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစစ်သံမှူး နှင့် ရုရှားနိုင်ငံမှအဆင့်မြင့် တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသိုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို တက်ရောက်ခဲ့မှုနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသံစုံတီးဝိုင်းအဖွဲမှလည်း မြန်မာနိုင်ငံသို လာရောက်၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံမှ လှိက်လှဲစွာကြိုဆိုပါကြောင်းပြောကြားပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို မိမိနှင့်ကိုယ်စားလှယ်အဖွဲများအား မြန်မာ နိုင်ငံ၏ နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို တက်ရောက်ရန်ဖိတ်ကြားခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ယခုကဲ့သို တက်ရောက်ခွင့်ရသည့်အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ထိုနောက် နှစ်နိုင်ငံအကြား ရှည်ကြာသည့်သံတမန်ဆက်ဆံမှုရှိပြီး ကောင်းမွန် တိုးတက်သည့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက် ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို နိုင်ငံတော် အဆင့်ချစ်ကြည်ရေး ခရီးစဉ်သွားရောက်စဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား တပ်မတော်(ရေ) မှစစ်ရေယာဉ်များ ချစ်ကြည်ရေး ခရီးများအပြန်အလှန်လည်ပတ်လျက်ရှိမှု အခြေအနေများ၊ စစ်ဘက်နည်းပညာနှင့် အာကာသ နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး စစ်ဘက်နှင့် အရပ်ဘက်ပညာတော်သင်များ ရုရှားနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေ များ၊ နိုင်ငံတကာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိ သကဲ့သို မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိမှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကာကွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်ပယ်များသာမက အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတိုအကြား ချစ်ကြည်ရင်းနှီးမှုများကို နှစ်ပေါင်းများစွာ တိုးတက်ခိုင်မြဲကောင်းမွန်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။