ညစာစားပွဲအပြီးတွင် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂
(Unicode Version)
၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အခမ်းအနားသို့တက်ရောက်လာသော ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။