ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်) ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် အလုပ်သမားများအနေဖြင့် မိမိတို့၏ အခွင့်အရေးကိုသိရှိကာ မိမိတို့၏အခွင့်အရေးအတွက် ကိုယ်တိုင်တောင်းဆိုရာမှ ပေါ်ပေါက်လာခဲ့သည့်