နေပြည်တော်၊ ဒီဇင်ဘာ – ၁၀ နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri က ယနေ့မွန်းလွဲပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ၊ နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်ရုံးရှေ့ မြက်ခင်းပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။ အဆိုပါဂုဏ်ပြုကြိဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
Month: ဒီဇင်ဘာ ၂၀၁၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ
နေပြည်တော်၊ ဒီဇင်ဘာ – ၁၀ နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ၊ ဒီဇင်ဘာ- ၈ တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်ရှိ ပညာတန်ဆောင် ခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရမည့် အင်ဂျင်နီယာအတတ်ပညာရှင် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းအားထုတ်သွားကြရန်လို
နေပြည်တော်၊ ဒီဇင်ဘာ ၈ မိမိတို့တပ်မတော်ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်သည့် တပ်မတော်အဖြစ် တည်ဆောက်ရာတွင် “ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အင်ဂျင်နီယာအတတ်ပညာဖြင့် တိုက်စွမ်းအားမြှင့်တင်ရန် ကြိုးစားကြရမည်ဖြစ်သကဲ့သို့ တိုက်စွမ်းရည်ရှိရန်လည်း ထိရောက်သည့် လေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ လေ့ကျင့်ရေးဖြင့်တည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကိုပါ လေ့ကျင့်ပေးပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနားအပြီးတွင် ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၃ ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၃ ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ နေပြည်တော် ၊ ဒီဇင်ဘာ ၈ (Unicode Version) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည်