တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ နိုင်ငံတော်သမ္မတကပေးအပ်သည့် ၂၀၁၈ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ နေပြည်တော်၊ ဇန်န၀ါရီ ၎ (Unicode Version) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည်
Month: ဇန်နဝါရီ ၂၀၁၈
ကာကွယ်ရေးဦးစီးချုပ်(လေ) ပြောင်းလဲခန့်အပ်
နေပြည်တော်၊ ဇန်န၀ါရီ ၂ သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့တွင် ခန့်အပ်တာဝန်ပေးအပ်သည်။ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့သည် နိုင်ငံတော်သမ္မတရုံးသို့ သွားရောက်၍
မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်န၀ါရီ ၁ လယ်ဝေးတပ်နယ်ရှိ နေပြည်တော်လေဆိပ်အနီး တည်ထားကိုးကွယ်သော မြေနီတောင်စေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ၀ိမလ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မှုကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူလူထုများခင်ဗျာ ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံးကို ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ယခုဆိုရင် ၂၀၁၇ ခုနှစ်ကုန်ဆုံးခဲ့ပြီဖြစ်လို့ ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်း ခဲ့ရတဲ့ ကိစ္စရပ်များစွာရှိပါတယ်၊ အောင်မြင်တဲ့လုပ်ငန်းရပ်တွေရှိသလို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ လုပ်ငန်းရပ်တွေ လည်းရှိပါတယ်၊